ယနေ့ထုတ်ပြန်ချက်အရ COVID-19ရောဂါ ပိုးတွေ့လူနာ ၇၃၄ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၂၆

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19ရောဂါပိုးတွေ့ လူနာ ၇၃၄ ဦးနှင့် သေဆုံးသူ ၂၇ ဦးရှိကြောင်း သိရသည်။

(၂၅-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှု များတွင်တွေ့ရှိခဲ့ရသော ဓာတ်ခွဲအတည်ပြုလူနာ ၇၅၈ ဦး၏ မြို့နယ် အလိုက် တွေ့ရှိ ရမှုအခြေအနေကို ယနေ့ညနေ ၅ နာရီ တွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၅-၁၂-၂ဝ၂ဝ)ရက်   ည ၈ နာရီမှ (၂၆-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂ဝ၁၄၃ ခုအား   စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၃၄ ဦးတွေ့ရှိရကြောင်း   ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။