ပီလောပီနံနှင့် အစာအဆိပ်သင့်ခြင်း အကြောင်း သိကောင်းစရာ

 

 

ပီလောပီနံနှင့် အစာအဆိပ်သင့်ခြင်း အကြောင်း သိကောင်းစရာ

 

      အစာအဆိပ်သင့်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်လူသန်းပေါင်းများစွာကို ထိခိုက်စေသည့် အဖြစ်များသော ကျန်းမာ ရေးပြဿနာတစ်ခုဖြစ်သည်။   ဗက်တီး ရီးယားပိုးမွှားများ၊ ဗိုင်းရပ်စ်ပိုးများ၊ ကပ်ပါး ပိုးများစသည့် အန္တရာယ်ရှိသောရောဂါပိုး များ  သို့မဟုတ်  ဓာတုပစ္စည်းများသည် အစာအဆိပ်သင့်စေသော     အဓိက အကြောင်းရင်းများဖြစ်ပေသည်။ လူသား တို့၏ကျန်းမာရေးကို    အန္တရာယ်ဖြစ် စေနိုင်သည့်  တချို့အပင်များသည်  အစာ အဆိပ်သင့်ခြင်း         ဖြစ်ပွားစေသော အကြောင်းရင်းတစ်ခုဖြစ်ခြင်းကို  လက်တွေ့လူမှုနယ်ပယ်တွင်   သိရှိနားလည်မှု  နည်းပါးလျက်ရှိသည်။     ဖွံ့ဖြိုးဆဲနိုင်ငံ များ၌    အဓိကအစားအစာ တစ်မျိုးဖြစ် သော ပီလောပီနံတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော     ကယ်လိုရီနှင့် အာဟာရဓာတ်များစွာ ပါဝင်သော်လည်း သဘာဝအတိုင်းဖြစ်ပေါ်နေသည့် အဆိပ် အတောက်ဓာတ်များလည်း  ပါဝင်သောကြောင့်   မှန်မှန်ကန်ကန် မှီဝဲစားသုံးခြင်း မပြုပါက   အစာအဆိပ်သင့်ခြင်းဖြစ်ပေါ်စေသည်။ ယခုဆောင်းပါးသည် ပီလောပီနံ မှီဝဲစားသုံးခြင်းကြောင့်   ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များ  အထူးသဖြင့်  အစာအဆိပ်သင့်ခြင်းကို သတိထားပြီး အန္တရာယ် ကင်းရှင်းစွာစားသုံးရန်     လိုအပ်သော ကြိုတင်ကာကွယ်မှုများကို မီးမောင်းထိုးပြ ထားသည်။

မသန့်ရှင်းသောအစားအစာများ စားသုံး ခြင်းကြောင့်    အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်နိုင်သည်။   အစာအဆိပ်သင့်ခြင်း၏ လက္ခဏာများမှာ     ခန္ဓာကိုယ်မသက် မသာဖြစ်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အနည်း ငယ်အဖျားတက်ခြင်းမှ   ပြင်းထန်သော ဖျားနာခြင်းအထိဖြစ်ခြင်းနှင့်   ရေဓာတ် ခန်းခြောက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများမှာ    ဗက်တီး ရီးယားပိုးမွှားများ၊     ဗိုင်းရပ်စ်ပိုးများ၊ ပိုးသတ်ဆေးများကဲ့သို့သော  အန္တရာယ် ရှိသည့် ဓာတုဗေဒပစ္စည်းများ ပါဝင်သောအစားအစာများကို စားသုံးမိခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ခန္ဓာကိုယ်မှစွန့် ထုတ်ထားသော အညစ်အကြေးများတွင် ပါဝင်သည့်   ရောဂါပိုးများကို   ထိတွေ့ကိုင် တွယ်ရာမှတစ်ဆင့် အစားအစာများအား မသန့်ရှင်းမှုဖြစ်စေပြီး   ပြည်သူလူထု၏ ကျန်းမာရေးကိုထိခိုက်စေသော     အစားအစာနှင့် ပတ်သက်သည့်   ဝမ်းပျက်ဝမ်း လျှောရောဂါများ ဖြစ်ပေါ်နိုင်သည်။

ပီလောပီနံသည်   တောင်အမေရိကတိုက်တွင် အလေ့ကျပေါက်သည့် အပင်တစ်မျိုးဖြစ်ပြီး   အာဖရိကတိုက်၊   အာရှတိုက်နှင့် လက်တင်အမေရိက တိုက်များရှိ အပူပိုင်းဒေသများ၌    ရှင်သန်ဖြစ်ထွန်း စိုက်ပျိုး၍ရသောအပင်ဖြစ်သည်။     ယင်း တွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော      ကယ်လိုရီဓာတ်များစွာ ပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၌   အဓိကစားသုံးသော ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်တစ်ခုဖြစ် သည်။ ပီလောပီနံကို အမျိုးမျိုးချက်ပြုတ် ပြင်ဆင်စားသုံးနိုင်ပြီး ဟင်းလျာအမျိုးမျိုးတွင်  ပုံစံအမျိုးမျိုးဖြင့် ထည့်သွင်းချက်ပြုတ်၊ ကြော်လှော်၍ စားသုံးလျက်ရှိကြ သည်။  ပီလောပီနံတွင် ပါဝင်သော  ကယ်လိုရီဓာတ်သည် ခန္ဓာကိုယ်အတွက်လိုအပ် သောအာဟာရကို အဓိကဖြည့်ဆည်းပေး နိုင်သော်လည်း မှန်မှန်ကန်ကန်မှီဝဲစားသုံး ခြင်းမပြုပါက ယင်း၌ပါဝင်‌သော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် အဆိပ်အတောက် ဓာတ်များသည် ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရှိရသည်။ ပီလော ပီနံစားသုံးခြင်းကြောင့်   ဖြစ်ပေါ်လာနိုင်သည့်   အစာအဆိပ်သင့်ခြင်းသည်   ယင်း အပင်၏ မျိုးကွဲမျိုးစိတ်များကြောင့်လည်း ကောင်း၊   ပြင်ဆင်ချက်ပြုတ်မှုနည်းလမ်း မမှန်ခြင်းကြောင့်လည်းကောင်း၊ နေထိုင် ရာဒေသ၏ ရာသီဥတုပတ်ဝန်းကျင်အခြေ အနေများကြောင့်လည်းကောင်း ဖြစ်ပေါ် စေနိုင်သည်။

ပီလောပီနံကို     စနစ်တကျပြင်ဆင် ချက်ပြုတ်ခြင်းမရှိဘဲ   မှီဝဲစားသုံးမိပါက ယင်း၌ပါဝင်သော     ဆိုင်ယာနိုက်ဓာတ်ကြောင့်    အစာအဆိပ်သင့်စေနိုင်သည်။ လူ့ခန္ဓာကိုယ်၌ ဆိုင်ယာနိုက်ဓာတ်လွန်ကဲ ခြင်းကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အသက်ရှူ ရခက်ခဲခြင်း စသော ပြင်းထန်သည့်ရောဂါ လက္ခဏာများ ခံစားရနိုင်ပြီး  သေဆုံးသည်အထိ ဖြစ်ပေါ်စေနိုင်သည်။ ပီလောပီနံတွင် သဘာဝအတိုင်း    ဖြစ်ပေါ်ပါဝင်နေသော အဆိပ်အတောက်ဓာတ်ဖြစ်သည့်  ဆိုင် ယာနိုက်ဓာတ်သည်      လူ့ခန္ဓာကိုယ်၏ အောက်ဆီဂျင်အသုံးပြုနိုင်စွမ်းကို အနှောင့် အယှက်ပေးကာ အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများ   ဖြစ်ပေါ်စေသည်။

အဆိုပါဆိုင်ယာနိုက်ဓာတ်သည် ပီလောပီနံတစ်ခါစားသုံးရုံမျှဖြင့် အန္တရာယ်မဖြစ် ပေါ်စေနိုင်ဘဲ   ပုံမှန်မှီဝဲစားသောက်နေပါ က ဆိုင်ယာနိုက်ဓာတ်များ ခန္ဓာကိုယ်တွင် စုဝေးများပြားလာပြီး  အန္တရာယ်ဖြစ်စေ ကာ   အဆိုပါဆိုင်ယာနိုက်ဓာတ် လွန်ကဲလာခြင်းကြောင့်  နာတာရှည်ရောဂါများ ဖြစ်သည့်    အာရုံကြော ပျက်စီးခြင်းနှင့် သိုင်းရွိုက်ရောဂါများ ဖြစ်ပေါ်စေသည်။

သို့ပါ၍    ပီလောပီနံအစာ အဆိပ်သင့်ခြင်း မဖြစ်ပေါ်စေရန်  မှန်မှန်ကန်ကန်ချက် ပြုတ်စားသုံးခြင်းဖြင့်  ကာကွယ်နိုင်သည်။  ပီလောပီနံအတွင်း      ဆိုင်ယာနိုက်ဓာတ် ပါဝင်မှုကိုလျှော့ချရန် ရေတွင်ကြာရှည်စွာ စိမ်ထားပြီး အခွံခွာခြင်း၊ ထို့နောက် အချဉ် ဖောက်ပြီး      ကြော်လှော်ချက်ပြုတ်ပြီးမှ  စားသုံးခြင်းပြုလုပ်ရန်  လိုအပ်သည်။ ပီလောပီနံအား   ရေတွင်   ကြာရှည်စွာစိမ် ထားခြင်းဖြင့်  အဆိပ်အတောက်များကို စွန့်ထုတ်နိုင်မည်ဖြစ်သည်။ အချဉ်ဖောက် ခြင်းသည်    ပီလောပီနံတွင် ပါဝင်သည့် ဆိုင်ယာနိုက်ဓာတ်များကို   လျော့ပါးစေ နိုင်သောကြောင့် ပြုလုပ်ရမည့်ထိရောက် သောနည်းလမ်းဖြစ်သည်။   အပူချိန်များ များဖြင့် ပီလောပီနံအား ကြော်လှော်ချက် ပြုတ်ခြင်းဖြင့်လည်း       ဆိုင်ယာနိုက်ဓာတ်များကို   လျော့ပါးစေပြီး    အဆိပ်အတောက်ဖြစ်ပွားမှုနည်းပါးစေသည်။

ကမ္ဘာတစ်ဝန်း၌   နေရာဒေသ၊    ရိုးရာဓလေ့ယဉ်ကျေးမှုများ ကွဲပြားခြားနားခြင်း ကြောင့်  ပီလောပီနံကို  နေထိုင်ရာဒေသ အလိုက်  ရိုးရာအစားအစာဖြင့်  ပုံစံမျိုးစုံချက်ပြုတ်စားသုံးရန်      တီထွင်ခဲ့ကြပြီးခေတ်အဆက်ဆက်     လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသည်။   တိုးတက်လာသော နည်းလမ်းများနှင့်အညီ  စနစ် တကျမှီဝဲစားသုံးခြင်းဖြင့်  မလိုလားအပ်သော အစာအဆိပ်သင့်ခြင်းကဲ့သို့ ရောဂါ များကို ကာကွယ်နိုင်သည်။

အချုပ်အားဖြင့်ဆိုသော် အစာအဆိပ် သင့်ခြင်းသည်      ပြည်သူ့ကျန်းမာရေးအတွက်   ဆိုးရွားသော အကျိုးဆက်များ ဖြစ်နိုင်သည့်     ပြဿနာတစ်ရပ်ဖြစ်ပြီး ပီလောပီနံကို စနစ်တကျ ချက်ပြုတ်ခြင်း မပြုပါက ပြည်သူလူထု၏ ကျန်းမာရေးကိုအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် အပင်တစ်မျိုးဖြစ်ကြောင်း အလေးထားမိစေရန်ဖြစ်သည်။  ကမ္ဘာတစ်ဝန်းရှိ   လူသန်းပေါင်းများစွာသည် ပီလောပီနံကို အဓိကအစာ အရင်းအမြစ်တစ်ခုအဖြစ် မှီဝဲစားသုံးနေကြသော်လည်း ယင်း၌ပါဝင်သော အဆိပ်အတောက်ဓာတ်များ လျော့ပါးစေရေး စနစ်တကျ ကိုင်တွယ်ချက်ပြုတ်ပြီး စားသုံးရန် လိုအပ်သည်။ ရေတွင်အချိန်ကြာရှည်စွာ စိမ်ခြင်း၊ အချဉ်ဖောက်ခြင်းနှင့် အပူချိန်ပြင်းပြင်းဖြင့် ချက်ပြုတ်ခြင်းကဲ့သို့ ရိုးရာ ဓလေ့နှင့်     ခေတ်မီနည်းလမ်းများဖြင့်

ကြော်လှော်ချက်ပြုတ် စားသုံးခြင်းဖြင့် လူ ၏ခန္ဓာကိုယ်ကို       ဘေးဥပဒ်မဖြစ်စေဘဲ  အစာအဆိပ်သင့်မှု ကင်းဝေးစေကာ အန္တရာယ်ကင်း  ဘေးကင်းစွာစားသုံးနိုင် မည်ဖြစ်သည်။ ပီလောပီနံအားစနစ်တကျ ကိုင်တွယ်ချက်ပြုတ်ခြင်း နည်းလမ်းများ၊အစာအဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများကို     ပြည်သူလူထု ပိုမိုသိရှိ နားလည်အောင်     ဆောင်ရွက်ခြင်းဖြင့် ပီလောပီနံအား အဓိကအစာ အရင်းအမြစ်အဖြစ် မှီဝဲစားသုံးနေကြသေ ာြည်သူတို့၏ကိုယ်စိတ်နှလုံး   ကျန်းမာချမ်းသာရေးအတွက်   အရေးကြီးကြောင်း    ရေးသား တင်ပြလိုက်ရပါသည်။