အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ဒေသခံပြည်သူများအား ထမင်းဘူးများ ပေးအပ် လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂၇
    
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများ စာရေးအဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ထမင်းဘူးများအား အိမ်အရောက် လိုက်လံပေးေ၀ လှူဒါန်းလျက်ရှိသည်။    
ထိုသို့ လှူဒါန်းလျက်ရှိရာ ဒီဇင်ဘာ ၂၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၀ ခုမှ ဒေသခံပြည်သူများအား ထမင်းဘူး ၁၀၀၀ ဘူးကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက် ၇ ခုမှ ဒေသခံပြည်သူများအား ထမင်းဘူး ၁၀၀၀ ဘူးကို လည်းကောင်း၊ ယနေ့တွင် အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက် ၇ ခုမှ ဒေသခံ ပြည်သူများအား ထမင်းဘူး ၁၀၀၀ ဘူးကိုလည်းကောင်း နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းခဲ့သည်။