ရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   ဇန်နဝါရီ   ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၄ ရက်တွင် ပခုက္ကူမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၁၆၀၀၀၀)ကို     ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဇန်နဝါရီလ ၁၅ ရက်တွင် မင်းတုန်းမြို့၊ ပုသိမ်-မုံရွာကားလမ်းအနီး၌ တရားမဝင်စက်သုံးဆီဓာတ်ဆီ (၂၀)ဂါလန်၊ ဒီဇယ်ဆီ(၂၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၆၀၀၀)နှင့် အဆိုပါ စက်သုံးဆီများတင်ဆောင်လာသည့် မော်တော်ဆိုင်ကယ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၅၆၀၀၀)ကို  ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာအေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ (၆)လုံးအတွင်းမှတရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၄၄၀၆၀၁၀)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁၅)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၆၅၀၅၄၂၅)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၀၉၁၁၄၃၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်(၂)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၆)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၁၅ ဒသမ ၃၇၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၁၆၆၅၄)ကို   သစ်တောဥပဒေအရလည်းကောင်း၊   စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၃၁၆၆၅၄)ကိုဖမ်းဆီးအရေးယူ   ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ     မန္တလေးတိုင်းဒေသကြီးတရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက     စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့်    မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်   စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Renault Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန် - မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၆၆/၆)၊ တံခွန်တိုင်အဝိုင်းအနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁၀)မျိုး၊ လူသုံးကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၂၉၈၃၁၅၄၀)နှင့်   အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong Bus (၁)စီးနှင့် Scania Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း၌မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၅၉၂၀၀)နှင့် အဆိုပါပစ္စည်းများ       တင်ဆောင်လာသည့်Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစု‌ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၉၆၉၀၇၄၀)ကို     ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ၁၅ ရက်တွင် ရဲသာယာယီယာဉ်စစ်ကွင်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၂)မျိုး၊ လူသုံးကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီလ ၁၆ ရက်တွင်မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ (၅)လမ်း၊ ရေပူကျေးရွာ၊ မွေးမြူရေးဇုန်အနီး၌ စုပုံထားသော   အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၁၀၀၈၀၀၀၀)ကိုလည်းကောင်း၊ စုစု‌ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၉၈၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင်  ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ (၃၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၉၇၅၄၈၂၉)ကို ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်ကုန်သွယ်မှုများကြောင့်အသေးစား၊ အငယ်စားနှင့်အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ စျေးကွက်အတွင်းမျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း    သတင်းရရှိသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး

ဦးဆောင်ကော်မတီ