ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၃၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၆ သိန်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၃၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၆ သိန်း ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၃၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ၆၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊  ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းစံလှ(ဘ)ဦးအိုက်ဆာ၊ ၃၂ နှစ်၊ မိုင်းပျဉ်းမြို့နယ် နေသူမောင်းနှင်ပြီး စိုင်းဝန်းခေါင်(ဘ)ဦးစိုင်းနမ်းရှဲန်၊ ၁၈ နှစ်၊ မိုင်းပျဉ်းမြို့နယ်နေသူ လိုက်ပါလာသည့် ISUZU D-MAX မော်တော်ယာဉ်သတင်းအရရှာဖွေရာ  ယာဉ်နောက်ခန်းကြမ်းခင်းအံဝှက်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၈၅၀ တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၆ သိန်းသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၆ နာရီခွဲတွင်တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းဆိုင်အွန်(ခ)အိုက်ဆိုင်(ဘ)ဦးစိုင်းခမ်းပါ၊ ၂၄ နှစ်၊ မိုင်းပျဉ်းမြို့နယ်နေသူနှင့်  စိုင်းညွန့်(ဘ)ဦးကျော်အောင်၊၂၁ နှစ်၊ မိုင်းပျဉ်းမြို့နယ်နေသူတို့ ၂ ဦးကိုဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရသိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား  မိုင်းပျဉ်းမြို့နယ်မှ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများအားဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။