​​​​​​​Woven City သို့မဟုတ် AI နှင့် အခြားနည်းပညာများကို အသုံးပြု၍ တည်ဆောက်ထားသည့် အနာဂတ်မြို့

Woven City သို့မဟုတ် AI နှင့် အခြားနည်းပညာများကို အသုံးပြု၍ တည်ဆောက်ထားသည့် အနာဂတ်မြို့

 

ဂျပန်ကားပညာကုမ္ပဏီကြီးတစ်ခုက ဖန်တီးတည်ဆောက်လျက်ရှိသည့်  ကမ္ဘာ့ပထမဆုံးသော အနာဂတ်မြို့ကြီးသည် မကြာမီကာလအတွင်း မြို့အတွင်းနေထိုင်မည့်သူများကို   လက်ခံတော့မည်ဖြစ်သည်။

Woven City ဟု အမည်ပေးထားသည့် အဆိုပါအနာဂတ်မြို့ကြီးကို တိုယိုတာကားကုမ္ပဏီက ဖူဂျီတောင်ခြေတွင် ၂၀၂၁ ခုနှစ်မှစ၍    တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းမြို့တွင်  ဉာဏ်ရည်တုနည်းပညာ (AI) နှင့် အခြားနည်းပညာကိုအသုံးပြု၍ တည်ဆောက်ထားသည့် စမတ်နေအိမ် အနည်းဆုံး ၁၁ လုံးပါဝင်မည်ဖြစ်သည်။

မြို့ကြီးအတွက်  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များကိုအသုံးပြု၍  ထုတ်လုပ်မည်ဖြစ်သည်။

ဒေါ်လာ ၁၀ ဘီလီယံ  ကုန်ကျမည့်အဆိုပါစီမံကိန်းသည် အနာဂတ်နည်းပညာများကို ထုတ်ဖော် ရာတွင် ဓာတ်ခွဲခန်းတစ်ခုကဲ့သို့လည်း  အသုံးပြုနိုင်မည်ဖြစ်သည်။ယခုနှစ် ဆောင်းဦးရာသီမှစ၍  အဆိုပါအနာဂတ်မြို့တွင်  လူ ၁၀၀  ခန့်စတင်နေထိုင်မည်ဖြစ်ပြီး ၎င်းတို့မှာ တိုယိုတာကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သည်။

နောက်ပိုင်းတွင် မြို့အတွင်းနေထိုင်မည့် လူဦးရေကို ၂၂၀၀ ဦးအထိတိုးမြှင့်မည်ဖြစ်ပြီး  ၎င်းတို့အနက် အထူးသဖြင့် သိပ္ပံပညာဆန်းသစ်တီထွင်သူများနှင့်၎င်းတို့၏  မိသားစုဝင်များ၊   အိမ်မွေးတိရစ္ဆာန်များလည်းပါဝင်မည်ဖြစ်သည်။

မြို့အတွင်းနေထိုင်သူများအနေဖြင့်ညအချိန်သွားလာရာတွင်   ဘေးကင်းစေရန်အတွက် အစောင့်အရှောက်အဖြစ် ဒရုန်းများက    လိုက်ပါပေးမည့်အပြင် သက်ကြီးရွယ်အိုများအား   အကူအညီ ပေးရန်အတွက် အိမ်မွေးတိရစ္ဆာန်ပုံသဏ္ဌာန်ဖန်တီးထုတ်လုပ်ထားသည့် စက်ရုပ်များ လည်းပါဝင်မည်ဖြစ်ပြီး  အလိုအလျောက်မောင်းနှင်သည့်   နည်းပညာကိုလည်း ထည့်သွင်းပေးမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

တိုယိုတာကုမ္ပဏီသည်   ယင်းမြို့အတွင်း၌    အလိုအလျောက်စနစ်ဖြင့် မောင်းနှင်နိုင်မည့် ပြိုင်ကားတစ်မျိုးကိုထုတ်လုပ်ရန်ကြိုးပမ်းလျက်ရှိသည်။ Woven City   စီမံကိန်းသည်  ယခုအခါတည်ဆောက်မှုအဆင့် ၂ သို့ ဝင်ရောက်လာပြီဖြစ်သည်။