ဒဂုံမြို့သစ်မြို့နယ်များ အတွင်း ယခုနှစ် နွေစပါးစိုက်ပျိုးမှုများကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံစေမည့်အပြင် ပြည်ပသို့လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်

 

ဒဂုံမြို့သစ်မြို့နယ်များ အတွင်း ယခုနှစ် နွေစပါးစိုက်ပျိုးမှုများကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံစေမည့်အပြင် ပြည်ပသို့လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်

 

ရန်ကုန်  ဖေဖော်ဝါရီ  ၄

      ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့သစ် မြို့နယ်များအတွင်း ယခုနှစ်တွင် နွေစပါး စိုက်ပျိုးမှုများကို    လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခြင်းကြောင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံစေမည့် အပြင်  ပြည်ပသို့လည်း ပိုမိုတင်ပို့နိုင်မည် ဖြစ်ကြောင်း     ရန်ကုန်တိုင်းဒေသကြီး  ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ဆည်၊ တမံခြောက်ခုရှိပြီး   ထိုဆည်၊   တမံများမှ တိုက်ရိုက်ရေးပေးဝေသည့် စနစ်အပြင် ရေ ထိန်းတံခါးဖြင့်  သိုလှောင်ထားသောမြစ် ရေများကို ရေစုပ်စက်များဖြင့် စုပ်ယူသုံးစွဲ သည့်စနစ်နှင့် ဆိုလာလျှပ်စစ်မြစ်ရေတင် စနစ်များဖြင့်လည်း စိုက်ပျိုးရေများ ဖြန့်ဝေ ပေးလျက်ရှိသည်။

"ဒဂုံမြို့သစ်မြို့နယ်တွေမှာ ဒီနှစ် နွေ စပါးစိုက်ဧကပေါင်း ၄၄၅၅ ဧက စိုက်ပျိုးဖို့ လျာထားတဲ့အနက် လက်ရှိမှာ ဧကပေါင်း ၅၉၀၀  ကျော်အထိ  စိုက်ပျိုးပြီးစီးပြီ ဖြစ်တာကြောင့်  လျာထားချက်ထက်ကျော် လွန်စိုက်ပျိုးထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့ပြင် လှည်းကူးမြို့နယ်မှာ  ဒီနှစ်  နွေစပါးစိုက် ဧကပေါင်း  ၃၃၇၀၀   ကျော်   စိုက်ပျိုးဖို့ လျာထားပြီး လက်ရှိမှာ ဧကပေါင်း ၃၂၀၀၀ လောက်    စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။  ထန်းတပင်မြို့နယ်မှာလည်း နွေစပါးစိုက် ဧက ၅၂၅၀၀ ကျော် စိုက်ပျိုးဖို့လျာထားပြီး လက်ရှိ ဧကပေါင်း ၃၂၆၀၀ ကျော် စိုက် ပျိုးပြီးပါပြီ။   မင်္ဂလာဒုံမြို့နယ်မှာလည်း လက်ရှိ နွေစပါးစိုက်ဧကပေါင်း ၄၈၈ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန   လက်ထောက် ညွှန်ကြားရေးမှူး   ဦးဉာဏ်စိုးကပြောသည်။

ထိုသို့  ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေစပါးများကို လျာထားချက်ထက် ကျော် လွန်စိုက်ပျိုးနိုင်သည့်အတွက်  ဒေသတွင်း  ဆန်ဖူလုံမှုကို  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည့်အပြင် ပြည်ပ သို့လည်း   ပိုမိုတင်ပို့နိုင်မည်ဖြစ်ကာ  ဆန် ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက် အကူပြုစေမည်ဖြစ်သည်။

ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ငမိုးရိပ်ဆည်ရေသောက်ဧရိယာနှင့် လဂွန်း ပြင်ဆည်ရေသောက်ဧရိယာအတွင်း နွေ စပါးစိုက်ပျိုးမှုများအတွက် စိုက်ပျိုးရေများ ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅  ရက်က စတင်ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးသည့်စပါး အမျိုးအစားအပေါ်မူတည်ကာ  ယခုနှစ် မေလဆန်းပိုင်းအထိ    စိုက်ပျိုးရေများ ဖြန့်ဝေပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေ ဖြင့်  တိုင်းဒေသကြီးအတွင်း  တူးမြောင်းများ၊  ဆည်၊ တမံများကို  စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ကာ ရေပေးဝေရေးလုပ်ငန်းများ၊ ရေကြီးနစ်မြုပ် မှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အနိမ့်ပိုင်းစိုက်ကွင်းများအား    ရေကြီး ရေလျှံမှုမှ ကာကွယ်နိုင်ရေး လုပ်ငန်းများကို  အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။