မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် MRTV DTH စလောင်းနှင့် Set Top Box များ လှူဒါန်း
နေပြည်တော် ဖေဖော်ဝါရီ ၄
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် MRTV DTH စလောင်းအစုံ ၁၀၀ နှင့် DVB T-2 Set Top Box အလုံး ၃၀၀ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၊အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်(ငြိမ်း)၊ အတွင်းရေးမှူး ဗိုလ်ချုပ်စန်းမြင့်(ငြိမ်း)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တပ်မတော်သားများ အနေဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလတွင်ရော ၊ အငြိမ်းစားဘဝရောက် ရှိသည့် အချိန်ထိတိုင် နိုင်ငံ့အကျိုးကို ထမ်းဆောင်လျက်ရှိသည့်အတွက် ဂုဏ်ယူကြောင်း၊ စစ်မှုထမ်းဟောင်းများ အနေဖြင့် တပ်မတော်နှင့်အတူ လက်တွဲပြီး သင့်တော်သည့် ကဏ္ဍများတွင် နိုင်ငံတော်တည်ငြိမ်ရေး အတွက် ပူးပေါင်းဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး သတင်းတု၊ သတင်းမှားများကို ဆန်းစစ်ဝေဖန်နိုင်ပြီး သတင်းမှန်ကို ခွဲခြားသိရှိမှသာ ဆောင်ရွက်ချက်များ ပိုမိုတန်ဖိုးရှိမည်ဖြစ်သည့်အတွက် စစ်မှုထမ်းဟောင်း အဖွဲ့သို့ ယခုလိုလှူဒါန်းရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက MRTV DTH စလောင်း အစုံ ၁၀၀ နှင့် DVB T-2 Set Top Box အလုံး ၃၀၀ တို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်(ငြိမ်း)နှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(ငြိမ်း)က ယခုကဲ့သို့ လှူဒါန်းခြင်းအတွက် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် များစွာအကျိုး ကျေးဇူးရှိမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းများနှင့် မိသားစုဝင်များအား အသိအမှတ်ပြုသည့်အတွက် အားတက်ရကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။