ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် မန်ယူအသင်း ခံစစ်ကစားသမား လုခ်ရှော ဒဏ်ရာထပ်မံရရှိသည့်အတွက် လေးပတ်ခန့် အနားယူရမည်

 

ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် မန်ယူအသင်း ခံစစ်ကစားသမား လုခ်ရှော ဒဏ်ရာထပ်မံရရှိသည့်အတွက် လေးပတ်ခန့် အနားယူရမည်

 

မန်ချက်စတာ  ဖေဖော်ဝါရီ   ၆

‌  မန်ယူအသင်း  ခံစစ်ကစားသမား  လုခ်ရှောသည် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရာမှ  ပြီးခဲ့သည့်ရက်ပိုင်းက အနည်းငယ်ပြန်လည်သက်သာလာ ပြီးနောက်    အပေါ့စားလေ့ကျင့်ခန်းများ    စတင် လုပ်ဆောင်ခဲ့သော်လည်း   ဒဏ်ရာထပ်မံရရှိသည့် အတွက်  လေးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

‌အသက် ၂၉ နှစ်အရွယ် လုခ်ရှောသည် နောက်ပိုင်း ဘောလုံးရာသီများတွင် ဒဏ်ရာပြဿနာများကြောင့် မကြာခဏ အနားယူနေရသူဖြစ်ပြီး   ယခုဘောလုံး ရာသီတွင်လည်း ၂၀၂၄ ခုနှစ် ဇူလိုင်လက အင်္ဂလန် အသင်းနှင့်သွားရောက်ပူးပေါင်းစဉ် ဒူးဒဏ်ရာရရှိပြီး နောက်  ကာလရှည် အနားယူနေခဲ့ရပြီး  ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး အသင်းတွင် ပြန်လည်ကစား ခဲ့သော်လည်း ဒီဇင်ဘာလ ၁ ရက်က  ကစားသည့်  မန်ယူအသင်းနှင့်   အဲဗာတန်အသင်းတို့   ပွဲစဉ်တွင်   ဒူးဒဏ်ရာရရှိပြီးနောက်      ထပ်မံအနားယူ နေရသူဖြစ်သည်။

ထို့နောက် လုခ်ရှောသည် ဒူးဒဏ်ရာမှပြန်လည် သက်သာလာပြီးနောက် အသင်းလိုက်လေ့ကျင့်ခန်း မလုပ်ဆောင်နိုင်သေးသော်လည်း ကြံ့ခိုင်မှုပိုင်းအတွက် အပေါ့စားလေ့ကျင့်ခန်းများ စတင်လုပ်ဆောင်ခဲ့ကာ လေ့ကျင့်စဉ်ကာလတွင်  တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့ခြင်းကြောင့် လေးပတ်ခန့် အနားယူရမည် ဟု မန်ယူအသင်းက အတည်ပြု ထုတ်ပြန်ပြီးနောက်  အသင်းပရိသတ်များက   လုခ်ရှော၏ကြံ့ခိုင်မှုပိုင်း နှင့်ပတ်သက်ပြီး  ဝေဖန်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လုခ်ရှောက"ကျွန်တော့်ရဲ့ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ပျက်နေကြတာ၊ ဒေါသထွက်နေကြတာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒဏ်ရာ ရရှိနေမှုနှင့်ပတ်သက်ပြီး  အားလုံးထက် ကျွန်တော်က ပိုပြီးအနာကျင်ရဆုံးပါပဲ" ဟု လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားဖော်ပြခဲ့သည်။

လုခ်ရှောသည်  ယခုဘောလုံးရာသီတွင်  မကြာခဏ ဒဏ်ရာရရှိနေသည့်အတွက် ကာလရှည်အနား ယူနေရပြီး  အသင်းနှင့်ပြိုင်ပွဲစုံ သုံးပွဲသာ ပါဝင်ကစား နိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။