ဂိုးသွင်းယူအပြီး ပြိုင်ဘက်ကစားသမား၏ အောင်ပွဲခံမှုကဲ့သို့ လှောင်ပြောင်အောင်ပွဲခံမှု ပြုလုပ်ပါက အရေးယူရန် ပရီးမီးယားလိဂ် စီစဉ်နေ
လန်ဒန် ဖေဖော်ဝါရီ ၆
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ကစားသမားများ ဂိုးသွင်းယူအပြီး ပြိုင်ဘက်ကစားသမားများ၏ အောင်ပွဲခံမှုကဲ့သို့ လှောင်ပြောင် အောင်ပွဲခံမှုပြုလုပ်ပါက အရေးယူမှုပြုလုပ်နိုင်မည့် စည်းမျဉ်းသစ်ကိုရေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
နောက်ပိုင်းဘောလုံး လောကတွင် ကစားသမားများအနေဖြင့် ကိုယ်ပိုင်အောင်ပွဲခံမှုပုံစံ အမျိုးမျိုးရှိနေ ပြီး ကစားသမားတချို့အနေဖြင့် ဂိုးသွင်းယူပြီးလျှင် ပြိုင်ဘက်အသင်း ကစားသမား၏ အောင်ပွဲခံမှု ပုံစံဖြင့် လှောင်ပြောင်ကာ အောင်ပွဲခံမှုပြုလုပ်သည့် ဖြစ်စဉ်များ ပေါ်ထွက်လာပြီးနောက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က လှောင်ပြောင်အောင်ပွဲခံမှုများကို တားဆီးရန် စတင်စီစဉ်နေခြင်းဖြစ်သည်။
နောက်ပိုင်းဘောလုံးပွဲစဉ်များတွင် ကစားသမားများအနေဖြင့် ဂိုးသွင်းယူပြီးလျှင် ပြိုင်ဘက်အသင်း ကစားသမား၏ အောင်ပွဲခံမှုပုံစံအတိုင်း လက်စားချေ အောင်ပွဲခံမှုကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က သဘောကျခြင်း မရှိသည့်အတွက် စည်းမျည်းတစ်ရပ်ရေးဆွဲ ရန် စတင်စီစဉ်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်း တို့ကစားသည့်ပွဲစဉ်တွင် အာဆင်နယ်အသင်းလူငယ် ကစားသမား လီဝှစ်စကယ်လီသည် အသင်းအတွက် ဂိုးသွင်းယူအပြီးတွင် ပြိုင်ဘက်ကစားသမား ဟာလန်း အောင်ပွဲခံသည့်ပုံစံနှင့် တစ်ပုံစံတည်း လှောင်ပြောင် အောင်ပွဲခံသည့်အတွက် ပရီးမီးယားလိဂ်က အဆိုပါ ဖြစ်ရပ်များကို တားမြစ်ရန် စတင်စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။