မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

 

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်    ဖေဖော်ဝါရီ     ၈

    ၂၀၂၄ ခုနှစ်အတွက်   မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်(ယနေ့)(တနင်္ဂနွေနေ့) ည ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)  MICC(I) ၌ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနား ကျင်းပပုံများကို ယင်းနေ့ ညနေ  ၄  နာရီခန့်မှစတင်၍  MRTV-HD၊ MRTV Farmers’၊ MRTV Sports၊ MRTV Parliament၊  MRTV-4 ၊ Channel-7၊ 5 Plus၊ Channel-9၊ MNTV၊ SKY Premier Channel ၊ Fortune Channel၊ Channel K၊ M Entertainment Channel၊ MWD-HD Channel၊ MWD Variety–HD Channel တို့မှလည်းကောင်း၊  မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM၊  မန္တလေး FM၊ ပဉ္စဝတီ FM၊  ရွှေ FM၊ ပုဂံ  FM ၊   Star FM နှင့် သဇင်FMတို့မှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV Website၊ MRTV App: Radio App: နှင့်  Mahar Youtube Channel၊ Htv Facebook  နှင့်  Hey Play Facebook Page အပါအဝင် Online Media တို့မှလည်းကောင်း တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

ထိုသို့  MRTV  HD  Channel မှ Live ထုတ်လွှင့်မှုကြောင့် ပုံမှန်သတင်းချိန်များဖြစ်သော ညနေ ၄ နာရီ၊  ည ၆ နာရီ နှင့် ည ၈ နာရီတို့တွင်  ထုတ်လွှင့်လျက်ရှိသည့်သတင်းများအား  MRTV  News  Channel  မှ ဆက်လက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင် အသိပေးအပ်ပါသည်။