၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနား တိုက်ရိုက်(LIVE)ထုတ်လွှင့်မည်
၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်၊ (ယနေ့)နံနက် (၈) နာရီတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ တောင်ဘက်တွင်ရှိသည့် တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို ယင်းနေ့နံနက် (၈)နာရီမှစတင်ပြီး MRTV-HD၊ MRTV Farmers'၊ MRTV Sports နှင့် MRTV Parliament Channel၊ MWD-HD Channel၊ MWD Variety-HD Channel တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယို၊ သဇင် FM၊Star FM နှင့် MOI Website၊ MOI Youtube၊ MRTV Website၊ MRTV App; Radio App အပါအဝင် Online Media တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင် အသိပေးအပ်ပါသည်။