သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

 

သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၉

      ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မ င်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော် ပရိဝုဏ် အတွင်း ကျင်းပသည်။အခမ်းအနားသို့ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် (ရန်ကုန်)မှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအား သြဝါဒါစရိယဆရာတော် ကြီးများနှင့် ပင့်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။

ထို့နောက် ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ် တရားတော်များ နာယူကာ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ပင့်သံဃာတော်များအား အလှူရှင်များက  ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သတင်းရရှိသည်။