သာစည်မြို့နှင့် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ

 

သာစည်မြို့နှင့် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၉

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက် ည ၉ နာရီခွဲတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် SCANIA အမျိုးအစား EXPRESS ခရီးသည်တင်မော်တော်ယာဉ်ကို  ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မလှလှရီ ၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် သိန်း ၄၅၀) ကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရွှေပင်ရပ်ကွက်ရှိ ရဲထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၂၀ (တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၁၂၈ ဒသမ ၄ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။