သာစည်မြို့နယ် နှင့် ဘားအံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်ဘက်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေး လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းတွင် ထွန်းဇော်ဒေးဦးနှင့် မဖြူဖြူအောင် တို့ ၂ ဦးအား TOYOTA NOAN VOXY မော်တော်ယာဉ်တစ်စီးနှင့်အတူ ငါးခြောက် အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက် တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စောအုန်းကြွယ်(ခ) အုန်းကျော်အား ဆိုင်ကယ် ၁ စီးနှင့်လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် တိုးတက်ထွန်း (ခ)တိုးကြီးနှင့် ကောင်းဆက်ကျော်(ခ)ကိုဆက် တို့အား TOYOTA WISH မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။