(၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

(၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

ကျိုက်ထို     ဖေဖော်ဝါရီ     ၁၂

     မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အောင်ဆန်း အားကစားကွင်းအတွင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်   ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂  ရက် နံနက်ပိုင်းတွင်ကျင်းပသည်။

အားကစားပြိုင်ပွဲတွင် မီတာ ၁၀၀ (အမျိုးသား၊အမျိုးသမီး)အပြေးပြိုင်ပွဲ၊ မီတာ ၄၀၀ (အမျိုးသား၊ အမျိုးသမီး)အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊အမျိုးသား၊ အမျိုးသမီး အာလူးကောက်ပြိုင်ပွဲ၊‌  ပိုက်ကျော်ခြင်းပြိုင်ပွဲ၊  အမျိုးသမီးဆန်ကောရွက် ပြိုင်ပွဲများကို  ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသူများအား  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ဆုများအသီးသီး ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့   ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား၊   ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။