ဘီဆစ်တပ်အသင်းက ဘာစီလိုနာအသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် ဖာတီကို ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ

 

ဘီဆစ်တပ်အသင်းက ဘာစီလိုနာအသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် ဖာတီကို ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ

 

အစ္စတန်ဘူလ်  ဖေဖော်ဝါရီ  ၁၂

    တူကီယဲကလပ် ဘီဆစ်တပ်အသင်းက ဘာစီလို နာအသင်းနှင့်  အနာဂတ် မရေမရာဖြစ်နေသည့် တောင်ပံကစားသမား  ဖာတီကို  လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း  ဖာတီကိုယ်တိုင်က  ပယ်ချပြီး  ဘာစီလိုနာအသင်း၌သာ  ဆက်လက်ကစားရန်  ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

‌အသက် ၂၂ နှစ်အရွယ် ဖာတီသည်  ဘာစီလိုနာ အသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်က စတင်ပါဝင်ကစားခဲ့သူဖြစ်သည်။ အသင်း နှင့်အတူ ပထမဆုံးဘောလုံးရာသီတွင်ပင် အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ကြယ်ပွင့် ကစားသမားတစ်ဦး အဖြစ်  သတ်မှတ်ခံခဲ့ရသော်လည်း  ဒုတိယမြောက် ဘောလုံးရာသီတွင်   ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရရှိပြီး ကာလရှည်အနားယူ နေခဲ့ရပြီးနောက် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသူဖြစ်သည်။

ဖာတီသည်  ဒူးဒဏ်ရာမှ  ပြန်လည်သက်သာလာ သော်လည်း ပုံမှန်ခြေစွမ်းပြနိုင်ခြင်း မရှိသည့် အတွက် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ဘရိုက်တန်အသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သော်လည်း ရာသီအကုန်တွင် အငှားစာချုပ်ပြီးဆုံးပြီးနောက်  ယခုဘောလုံးရာသီတွင် အသင်းနှင့်ပြန်လည် ပူးပေါင်းခဲ့သည်။

သို့သော်   ဖာတီသည် ယခုဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ ပွဲကစားခွင့်များ နည်းပါးခဲ့ပြီး ဘာစီလိုနာအသင်းက ထိုက်သင့်သည့်ပြောင်းရွှေ့ ကြေးတစ်ရပ်ရရှိလျှင်   ရောင်းချရန်  ဆုံးဖြတ်ထားသော်လည်း ဖာတီကိုယ်တိုင်က အသင်း၌သာ ဆက် လက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘီဆစ်တပ်အသင်းကလည်း နည်းပြသစ်အဖြစ် မန်ယူအသင်းနည်းပြဟောင်း  ဆိုးလ်ရှားကို  ခန့်အပ်ပြီးနောက်  အပြောင်းအရွှေ့စျေးကွက်အတွင်း နည်းပြဆိုးလ်ရှား အလိုရှိသည့် ကစားသမားများကို ခေါ်ယူပေးရန်  ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သော် လည်း    ဖာတီကိုယ်တိုင်က  ဘာစီလိုနာအသင်းမှ   ထွက်ခွာလိုခြင်း မရှိသေးဘဲ  အသင်း၌သာ ပွဲထွက်ခွင့် ပြန်လည်ရရှိရန် ကြိုးပမ်းနေသည့်အတွက် ဘီဆစ်တပ် အသင်း၏ ကမ်းလှမ်းမှုကို  ပယ်ချခဲ့ခြင်းဖြစ်ကြောင်း   သိရသည်။