​​​​​​​အမေရိကန်ရှိ Google Map အသုံးပြုသူများအတွက် မက္ကဆီကိုပင်လယ်ကွေ့အား အမေရိကန် ပင်လယ်ကွေ့ဟု Google ကဖော်ပြ

အမေရိကန်ရှိ Google Map အသုံးပြုသူများအတွက် မက္ကဆီကိုပင်လယ်ကွေ့အား အမေရိကန် ပင်လယ်ကွေ့ဟု Google ကဖော်ပြ

Google Map သည်  အမေရိကန်ပြည်ထောင်စုရှိ အသုံးပြုသူများအတွက် မက္ကဆီကိုပင်လယ်ကွေ့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ကြေညာချက်အရ   အမေရိကန်ပင်လယ်ကွေ့ဟုဖော်ပြလိုက်ပြီဖြစ်သည်။

Google ကုမ္ပဏီသည် ပင်လယ်ကွေ့၏ အမည်ပြောင်းလဲမှုကို ယခုရက်သတ္တပတ်အစောပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာတွင်  အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအပေါ် အခြေခံ၍ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

အမည်ပြောင်းလဲလိုက်သည့် အမေရိကန်ပင်လယ်ကွေ့သည် ယခင်က မက္ကဆီကိုပင်လယ်ကွေ့ဟု လူသိများထင်ရှားသည့် ပင်လယ်ကွေ့ဖြစ်ပြီး ပျမ်းမျှရေအနက်မှာ ပေ ၅၃၀၀ ရှိသည့်အပြင် အမေရိကန်၊ မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်း၊ တောင်ပိုင်းကမ်းခြေများနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။

Google က ပင်လယ်ကွေ့အမည်ကို ပြောင်းလဲထားသော်လည်း ကမ္ဘာ့နိုင်ငံအများအပြားကမူ အဆိုပါပင်လယ်ကွေ့အား မက္ကဆီကိုပင်လယ်ကွေ့နှင့် အမေရိကန်ပင်လယ်ကွေ့အဖြစ် အမည်နှစ်မျိုးစလုံးဖြင့် ဆက်လက်တွေ့မြင်ရမည်ဖြစ်ကြောင်း Google ကုမ္ပဏီကထုတ်ပြန်ထားသည်။                          

Ref: Cbs