နေပြည်တော် ဒီဇင်ဘာ ၃၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ် သက် ၍ သတင်းထုတ်ပြန် ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၈၉ဝ ဦးနှင့် သေဆုံးသူ ၁၈ ဦးရှိကြောင်း သိရသည်။
(၃ဝ-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၅၈၇ဦး၏ မြို့နယ် အလိုက် တွေ့ရှိရမှုအခြေ အနေကို ယနေ့ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၃ဝ-၁၂-၂ဝ၂ဝ)ရက် ည၈ နာရီမှ (၃၁-၁၂-၂ဝ၂ဝ)ရက် ည ၈နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၂၄ဝဝ၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၈၉ဝဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။