နျူကလီးယား တပ်ဖွဲ့၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို ပြသရန်အတွက် တိုက်ချင်းပစ် ဒုံးကျည်အား အမေရိကန် စမ်းသပ်ပစ်ခတ်

 

နျူကလီးယား တပ်ဖွဲ့၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို ပြသရန်အတွက် တိုက်ချင်းပစ် ဒုံးကျည်အား အမေရိကန် စမ်းသပ်ပစ်ခတ်

 

     အမေရိကန်လေတပ်မှ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေး စစ်ဌာနချုပ်သည်    ၎င်းတို့၏ Minuteman III တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းအား ကယ်လီဖိုးနီးယား ပြည်နယ်တွင် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေး စစ်ဌာနချုပ်သည်  အဆိုပါတိုက်ချင်းပစ် ဒုံးကျည်အား ဖေဖော်ဝါရီလ ၁၉  ရက်  ပစိဖိတ်စံတော်ချိန် နံနက် ၁ နာရီ ခန့်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒါဘာ့ အာကာသတပ်ဖွဲ့၏ အခြေစိုက်စခန်းတွင် ပစ်ခတ်စမ်းသပ်ခြင်းဖြစ်ကြောင်း  စစ်ဌာနချုပ်၏ ဝက်ဆိုက်တွင်  ဖော်ပြထားသည်။

ယခုလုပ်ဆောင်သည့် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုသည် အမေရိကန်နျူကလီးယား တပ်ဖွဲ့၏  တိုက်ပွဲဝင်အသင့်ဖြစ်မှုနှင့် အမေရိကန်နျူကလီးယား တားဆီးရေးစနစ်၏    အစွမ်းထက်မြက်မှုအပေါ် ယုံကြည်မှုရှိစေရန် ထုတ်ဖော်ပြသခြင်းဖြစ်သည်ဟု အမေရိကန်ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေး စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။