တင့်များတွင် ဒရုန်းနည်းပညာကို ပေါင်းစပ် အသုံးပြုနိုင်ရေးအတွက် ရုရှားကြိုးပမ်း

 

တင့်များတွင် ဒရုန်းနည်းပညာကို ပေါင်းစပ် အသုံးပြုနိုင်ရေးအတွက် ရုရှားကြိုးပမ်း

 

     ရုရှားနိုင်ငံသည် တင့်များတွင် ဒရုန်းနည်းပညာများကို ပေါင်းစပ်အသုံးပြုနိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိသည်ဟု ရုရှားနိုင်ငံ၏အကြီးဆုံး တင့်ကားထုတ်လုပ်ရေးကုမ္ပဏီ Uralvagonzavod ကပြောသည်။

ယူကရိန်းပဋိပက္ခအပါအဝင် မျက်မှောက်ခေတ်စစ်ပွဲများတွင် ဒရုန်းများ၏ ပိုမိုအရေးပါလာသည့် အခန်းကဏ္ဍကြောင့် ၎င်းဒရုန်းနည်းပညာအား တင့်များတွင် ပေါင်းစပ်အသုံးပြုနိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

အဆိုပါကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ် Uralvagonzavod ကုမ္ပဏီသည် T-90M Proryv တင့်များအပါအဝင် ရုရှားတင့်များအား    အဆင့်မြှင့်တင်လျက်ရှိသည်။ T-90M တင့်များသည် မည်သည့်ရာသီမျိုးတွင်မဆိုဖြစ်ပွားသည့် လက်တွေ့စစ်မြေပြင်တွင် အသုံးပြုနိုင်သော တင့်အဖြစ် စမ်းသပ်ခံနိုင်သည့် ကမ္ဘာ့တစ်မျိုးတည်းသော တင့်ဖြစ်ကြောင်း Sputnik သတင်းဌာနက ဖော်ပြသည်။

ရုရှားနိုင်ငံအနေဖြင့်   ဒရုန်းများအား တင့်များနှင့်      ပေါင်းစပ်အသုံးပြုရေး ကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ အခြားအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိသော်လည်း တင့်၏ဆုံလည်စနစ်၊ အဝေးမှနေ၍ လက်နက်စနစ်များထိန်းချုပ်နိုင်သည့်စနစ်၊    နောက်ကြည့်ကင်မရာ၊ လေအေးပေးစက်၊    အပြောင်းအလဲလုပ်ဆောင်နိုင်သည့် ထိုင်ခုံများစသည်တို့တွင် အဆင့်မြှင့်တင်လျက် ရှိသည်။