လူမှုရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ပါကစ္စတန်က 5G နည်းပညာ အသုံးပြုမည်

 

လူမှုရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ပါကစ္စတန်က 5G နည်းပညာ အသုံးပြုမည်

 

    5G နည်းပညာသည်    နိုင်ငံ၏လူမှုစီးပွားရေး အခင်းအကျင်းများကို အသွင်ကူးပြောင်းနိုင်သည့် အလားအလာကောင်းများ ရှိသောကြောင့် အဆိုပါနည်းပညာအား  လူမှုရေး၊ စီးပွားရေးအသွင် ကူးပြောင်းမှုအတွက်  ပါကစ္စတန်က အသုံးပြုမည်ဖြစ်သည်။

5G နည်းပညာသည် နိုင်ငံ၏အင်တာနက်မြန်နှုန်းကို ပိုမိုမြန်ဆန်နိုင်စေသောကြောင့် ပါကစ္စတန်နိုင်ငံသည် ယခုအခါ အလွန်ချိတ်ဆက်မှုရှိသော နိုင်ငံအဖြစ် အသွင်ပြောင်းလဲ လာပြီဖြစ်ရာ    စက်မှု ကဏ္ဍ အသွင်ပြောင်းရေးနှင့် နိုင်ငံ့စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံ့အနာဂတ်တို့ အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ဖေဖော်ဝါရီလ  ၁၇ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် ပါကစ္စတန်အစိုးရအနေဖြင့် 5G နည်းပညာက နိုင်ငံအတွင်းရှိ ကဏ္ဍအားလုံးအပေါ် အကျိုးသက်ရောက်စေရန် အတွက် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦများကို တည်ဆောက်မည်ဖြစ်ပြီး အကောင်းဆုံးသော ကမ္ဘာ့နည်းစနစ်များကို အသုံးပြုမည်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် ယခုအခါ အမျိုးသား ဒစ်ဂျစ်တယ်မဟာဗျူဟာကို ချမှတ်ဖော်ဆောင်လျက် ရှိပြီး ယင်းမဟာဗျူဟာ၏တစ်စိတ်တစ်ဒေသအဖြစ် e-Pakistan၊ အီလက်ထရွန်နစ်ဝန်ဆောင်မှု များကိုတိုးချဲ့ဖော်ဆောင်ခြင်း၊ Smart ပါကစ္စတန်ကဲ့သို့သော ကနဦးဆောင်ရွက်မှုများဖြင့် နိုင်ငံအား ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲလျက်ရှိသည်။

ထို့ပြင် 5G နည်းပညာသည် ပါကစ္စတန် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။