ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံက မှားယွင်းမှုမရှိဟု ဒေါ်နယ်ထရမ့်ပြော

 

ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံက မှားယွင်းမှုမရှိဟု ဒေါ်နယ်ထရမ့်ပြော

 

      ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံက မှားယွင်းမှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခတွင် ရုရှားနိုင်ငံက မှားယွင်းခြင်းမရှိဘဲ ယင်းပဋိပက္ခနှင့် စပ်လျဉ်း၍ ယူကရိန်းသမ္မတ ဇီလန်စကီနှင့် ယခင်အမေရိကန်  သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီလ ၂၁ ရက် တွင် Fox News  ရေဒီယိုနှင့် လုပ်ဆောင်သည့်    တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားသည်။

ထို့ပြင် ဂျိုးဘိုင်ဒင်နှင့် ဇီလန်စကီတို့သည် မှားယွင်းသည့် အကြောင်းအရာများကိုသာ ပြောဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်ပွဲကိုရှောင်ရှားနိုင်ရေး အတွက် ရုရှားနိုင်ငံနှင့် အလွယ်တကူ ဆွေးနွေးနိုင်ခဲ့သော်လည်း ဆွေးနွေးခဲ့ခြင်းမရှိကြောင်း  ထရမ့်က ဆက်လက်ပြောကြားသည်။

ထိုသို့ ဆွေးနွေးခဲ့မည်ဆိုပါက ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းပဋိပက္ခကို စတင်ရန်အကြောင်းရင်း မရှိကြောင်းနှင့် ယူကရိန်းစစ်ပွဲမှာလည်း ဖြစ်လာစရာ အကြောင်းမရှိဟု ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။