ဖာရိုဘုရင် ဒုတိယမြောက် သုမို့၏ ဂူသင်္ချိုင်းသစ်တစ်ခုကို နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တူးဖော်တွေ့ရှိ

 

ဖာရိုဘုရင် ဒုတိယမြောက် သုမို့၏ ဂူသင်္ချိုင်းသစ်တစ်ခုကို နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တူးဖော်တွေ့ရှိ

 

      အီဂျစ်ဖာရိုဘုရင် ဒုတိယမြောက် သုမို့၏ ဂူသင်္ချိုင်းသစ်တစ်ခုကို  နှစ်ပေါင်း ၁၀၀ ကျော်အတွင်း  ပထမဆုံး အကြိမ်အဖြစ် အီဂျစ်နိုင်ငံတောင်ပိုင်းတွင်    တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂူသင်္ချိုင်းအား လူဇာပြည်နယ်တွင် အီဂျစ်နှင့် ဗြိတိန် ရှေးဟောင်းသုတေသန ပညာရှင်များအဖွဲ့က   တူးဖော်ရေး လုပ်ဆောင်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တိမ်မြုပ်နေသည့်    ၎င်းဂူသင်္ချိုင်းအား ရှာဖွေတွေ့ရှိခြင်းသည် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ဖာရိုဘုရင်၏ ဂူသင်္ချိုင်းသစ်တစ်ခုအား ပထမဆုံးအကြိမ်အဖြစ် တူးဖော်တွေ့ရှိခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် မီဒီယာတစ်ခုတွင် ပြီးခဲ့သည့်

ရက်သတ္တပတ်အကုန်ပိုင်း၌ ဖော်ပြသည်။ အီဂျစ်ဘုရင်တစ်ပါး၏    ဂူသင်္ချိုင်းကို နောက်ဆုံးအကြိမ်အဖြစ် ၁၉၂၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပညာရှင်များသည် အီဂျစ်ဖာရိုဘုရင် ဒုတိယမြောက် သုမို့နှင့် ၎င်း၏ကြင်ရာတော် ဘုရင်မဟက်ရှက်ဆွတ်တို့၏ အမည်တို့ကို ရေးသားဖော်ပြထားသည့် စကျင်ကျောက်ဖြူကိုတွေ့ရှိရာမှ သုမို့ဘုရင်၏ ဂူသင်္ချိုင်းဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါဒေသတွင် ရေကြီးမှုများဖြစ်ပွားခြင်းကြောင့် ဘုရင်၏ ဂူသင်္ချိုင်းမှာ ယိုယွင်းလျက်ရှိရာ လက်ရှိတွင် ပညာရှင်များက  တူးဖော်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

ဖာရိုဘုရင် ဒုတိယမြောက် သုမို့သည် အီဂျစ်နိုင်ငံအား ၁၄၉၃ ဘီစီ မှ ၁၄၇၉ ဘီစီအထိ အုပ်ချုပ်ခဲ့သည်ဟု ယူဆရပြီး ၎င်း၏ကြင်ရာတော် ဘုရင်မ ဟက်ရှက်ဆွတ်ကမူ ၁၄၅၈ ဘီစီခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။