ရုရှားသို့ သင့်လျော်သည့်အချိန်ကာလတွင် သွားရောက်လည်ပတ်ရန် ဆန္ဒရှိဟု ထရမ့်ဆို

 

ရုရှားသို့ သင့်လျော်သည့်အချိန်ကာလတွင် သွားရောက်လည်ပတ်ရန် ဆန္ဒရှိဟု ထရမ့်ဆို

 

      ရုရှားနိုင်ငံသို့  သင့်လျော်သည့်အချိန်ကာလတွင် သွားရောက်လည်ပတ်ရန် ဆန္ဒရှိနေသည်ဟု  အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။

အနာဂတ်ကာလတွင်  ရုရှားနိုင်ငံသို့ သွားရောက်၍ သမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံရန် စဉ်းစားထားသော်လည်း လောလောဆယ်တွင် သွားရောက်ရန် စီစဉ်ထားခြင်း မရှိသေးကြောင်း  ထရမ့်က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့်အတူ ကျင်းပသည့်   သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောသည်။

ရုရှားသမ္မတ  ဗလာဒီမာပူတင်နှင့် လာမည့်  ရက်သတ္တပတ်များအတွင်း တွေ့ဆုံနိုင်ဖွယ်ရှိပြီး  မိမိတို့အနေဖြင့် ယူကရိန်းပဋိပက္ခအား အလျင်အမြန် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ထရမ့်အနေဖြင့်  ယခုနှစ် ဖေဖော်ဝါရီလမကုန်မီ ပူတင်နှင့်တွေ့ဆုံနိုင်ဖွယ် ရှိသည်ဟု  ယခုလ  ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။