နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E.Mr. Alexander Gregoryevich Lukashenko တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko
လေးစားအပ်ပါသော အဆွေတော်
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်လာကြသော ဧည့်သည်တော်များခင်ဗျာ၊ ကျွန်တော်ဒီနေ့နှစ်နိုင်ငံတွေ့ဆုံမှုနှင့် ပတ်သက်ပြီးတော့ စီးပွားရေးအခန်းကဏ္ဍ၊ အခြားကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီးတော့ များစွာဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့တွေ့ဆုံပွဲမှာဆိုရင်တော့ ကျွန်တော်တို့ စီးပွားရေးနှင့်ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို တိတိကျကျ ဆွေးနွေးခဲ့တာရှိပါတယ်။ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အခန်းကဏ္ဍရပ်များနှင့် ပတ်သက်လို့လည်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အခန်းကဏ္ဍများနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာရှိပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့အတွက် ဒီနေ့နှစ်နိုင်ငံကျွန်တော်တို့ မဟာဗျူဟာကျကျ အစီအစဉ်ရေးဆွဲဖို့လည်း သဘောတူညီမှုရခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာထွက်ရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေက ကမ္ဘာမှာ စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်ပြီးတော့ အထောက်အကူပြုနိုင်ဖို့အတွက် ကျွန်တော်တို့ဘက်ကလည်း နည်းပညာနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေမှာ စိုက်ပျိုးရေးအခန်းကဏ္ဍ၊ ဆေးဝါးအခန်းကဏ္ဍနဲ့ စားနပ် ရိက္ခာ ထုတ်လုပ်ရေးအခန်းကဏ္ဍများနှင့် ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မနေ့က Business Forum မှာ အဆိုပါကိစ္စရပ်နဲ့ အဆိုပါအခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံ နှစ်ဦးနှစ်ဖက်တာဝန်ရှိသူတွေကလည်း တိတိကျကျ ဆွေးနွေးပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေနှင့်ပတ်သက်လို့ ဒီကဏ္ဍတွေနဲ့ပတ်သက်လို့လည်း ဘယ်လာရုစ်နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး မြင့်မားတဲ့နည်းပညာတွေလည်းရှိပါတယ်။ ဒီနှစ်အတွင်းမှာ ကျွန်တော်တို့နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကော်မရှင်ကိုလည်းပြန် လည်ပြီးတော့ အစည်းအဝေးလုပ်နိုင်ဖို့လည်း ကျင်းပသွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံသိပ္ပံနှင့်နည်းပညာ အခန်းကဏ္ဍများနဲ့ ပတ်သက်လို့လည်း ကော်မတီဖွဲ့ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကိုမြှင့်တင်ဖို့အတွက် မြန်မာ နိုင်ငံကကျောင်းသားတွေ လာရောက် ပညာသင်ကြားတဲ့အချိန်မှာ အစစအရာရာ အဆင်ပြေဖို့ ဘယ်လာရုစ်နိုင်ငံကလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ယခုနှစ်မှာ မြန်မာနိုင်ငံကနေပြီးတော့ ပထမဆုံး ကလေးသူငယ်တွေပါဝင်တဲ့ Group တစ်ခုကို ဘယ်လာရုစ်နိုင်ငံ ဆူးပရူးနော့အပန်းပြေစခန်းကို လာရောက်ဖို့အတွက်လည်း ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာမီအချိန်အတွင်းမှာ ဘယ်လာရုစ်နိုင်ငံက ဝန်ကြီးများ၊ တာဝန်ရှိတဲ့အဆင့်မြင့်ပုဂ္ဂိုလ်များက မြန်မာနိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေပြီးတော့လည်း ကျွန်တော်တို့ Specialists တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘယ်လာရုစ်နိုင်ငံကိုလာရောက်မှာဖြစ်ပါတယ်။ ဒီလိုမျိုးခရီးစဉ်တွေ အပြန်အလှန် သွားရောက်ပြီးတော့ တစ်နိုင်ငံလုံးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရနိုင်တဲ့အခွင့်အလမ်းတွေကို လေ့လာပြီး အကောင် အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ကျွန်တော်နဲ့ အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ယောက်တည်းထိုင်တဲ့အချိန်မှာလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့အချက်တွေရှိပါတယ်။ ကျွန်တော်မြင်တာကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်
ရွက်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ပိတ်ပင်တားဆီးထားတဲ့ ဒီအချက်တွေမရှိပါဘူး။ အားလုံးက အမြဲတမ်း နှစ်ဦးနှစ်ဖက်လုံး တံခါးဖွင့်ပြီးတော့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးနဲ့ စီးပွားရေး အခန်းကဏ္ဍကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ ယခုဒီနေ့ ဆွေးနွေးမှုမှာ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေ အများကြီးရှိသလို မနေ့က Business Forum မှာလည်း ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေလည်း ရှိပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီးတော့ နားလည်မှု စာချွန်လွှာတွေ၊ စာချုပ်တွေကိုလည်း အမြန်ဆုံးချုပ်ဆိုနိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့မိတ်ဆွေ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယခုခရီးစဉ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးသွားတဲ့အတွက်ရော စိတ်ဆန္ဒရှိတဲ့အတိုင်းအားလုံးကို ပွင့်ပွင့်လင်းလင်းပြောသွားတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ အဆွေတော်ကို ထပ်လောင်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အဲဒါကတော့ ကျွန်တော့်ကို မြန်မာနိုင်ငံကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မကြာမီ အချိန်အတွင်းမှာ အဆွေတော်နဲ့ ကျွန်တော် အဆွေတော်ရဲ့နိုင်ငံမှာ တွေ့ဆုံနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်ဦးနှစ်ဖက်ကဒီလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အကောင်းဆုံးနဲ့ ပံ့ပိုးမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုမျိုး ဒီနေ့တွေ့ဆုံပွဲမှာ အချိန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အမြဲတမ်းအဆွေတော်ကို ဝမ်းပန်းတသာကြိုဆိုနေကြောင်းလည်း ပြောကြားလိုပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဒီအခမ်းအနားကို ကြွရောက်လာကြတဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko နဲ့ နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်များကိုလည်း ကျွန်တော့်ရဲ့ ဒုတိယခရီးစဉ်မှာ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒီအတွက်လည်း အောင်မြင်တဲ့ခရီးစဉ် တစ်ခုဖြစ်ကြောင်း ပြောလိုပါတယ်။ ဒီလို ဘယ်လာရုစ်-မြန်မာချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာစေဖို့၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့၊ အထူးအားပေးဆောင်
ရွက်ခဲ့တဲ့ အဆွေတော်သမ္မတကြီးနှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်ပြည်သူများ၊ ပြည်သားများအားလုံး ယခုထက်ပိုမိုအင်အားတောင့်တင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ဒီနေ့နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုမှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တဲ့အတိုင်းပဲ နှစ်နိုင်ငံစီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး သိပ္ပံနဲ့နည်းပညာ၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးစတဲ့ ကဏ္ဍပေါင်းစုံ ဆက်ဆံရေးကိုလည်း ဆက်လက်မြှင့်တင် ဆောင်ရွက်သွားပါမယ်။ အစိုးရအချင်းချင်း ဆက်ဆံရေးသာမက ပြည်သူချင်းဆက်ဆံရေးကိုလည်း တိုးချဲ့ဆောင်ရွက်သွားပါမယ်။ ဒီနှစ်နိုင်ငံ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရတာဝန်ရှိသူများ သာမက တက်ရောက်နေကြတဲ့ မီဒီယာများရဲ့ကဏ္ဍကလည်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ဒါကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အရှေ့တောင်အာရှထဲမှာ ကုန်းတွင်းနိုင်ငံထဲမှာ အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံကြားမှာ ဆက်စပ်ပြီး တည်ရှိနေတဲ့နိုင်ငံဖြစ်သလို အရှေ့တောင်အာရှနဲ့ တောင်အာရှ အကြားမှာလည်း ပေါင်းကူးတံတားသဖွယ်ရှိနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့လမ်းပန်းဆက်သွယ်ရေးအတွက် ကောင်းမွန်တဲ့ ရေ၊ မြေ၊ ရာသီဥတုကိုပိုင်ဆိုင်ထားတဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ ကမ္ဘာမှာဆန်တင်ပို့မှု အဓိကတင်ပို့တဲ့ ထိပ်တန်းနိုင်ငံအထဲ မှာပါသလို ကမ္ဘာမှာပဲတင်ပို့မှုမှာ ဒုတိယအမြင့်ဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း လုပ်ဖို့လည်း
မြေပမာဏ များစွာကျယ်ဝန်းတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးနဲ့ လုံခြုံရေးအတွက်ပံ့ပိုးနိုင်တဲ့ နိုင်ငံဖြစ်အောင်ကြိုးစား ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဘယ်လာရုစ်နိုင်ငံရဲ့ ခေတ်မီတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းစနစ်တွေ၊ ယန္တရားတွေ၊ အထောက်အကူပြုစနစ်တွေနဲ့ လက်တွေ့ပေါင်းစပ်ကျင့်သုံးသွားမယ်ဆိုရင် မြန်မာနိုင်ငံအတွက်သာမက နှစ်ဖက်စလုံးမှာ အကျိုးရှိတဲ့ရလဒ်တွေ ခံစားရမယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်။ မိုင်ပေါင်း ၁၃၀၀ ကျော်လောက်ရှည်တဲ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာလည်း အဓိကကျတဲ့ရေနက်ဆိပ်ကမ်းတွေလည်း ကျွန်တော်တို့ ရှိပါတယ်။ အထူးသဖြင့် ထားဝယ်၊ သီလဝါနဲ့ကျောက်ဖြူရေနက် ဆိပ်ကမ်း သုံးခုတို့မှာလည်း ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်းကောင်းတွေရှိတဲ့ အကြောင်း ပြောလိုပါတယ်။ ဒါကြောင့် ဘယ်လာရုစ်နိုင်ငံက နယ်ပယ်ကဏ္ဍစုံနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါကြောင်းပြောလိုပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံဟာ နိုင်ငံချင်းဆက်ဆံရေးသာမကဘဲ နိုင်ငံတကာမျက်နှာစာမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဆောင်ရွက်သွားပါမယ်။ နိုင်ငံတကာမျက်နှာစာမှာ ဘယ်လာရုစ်နိုင်ငံ၊ ဘယ်လာရုစ်ပြည်သူတွေက ကျွန်တော်တို့နိုင်ငံအပေါ်မှာလည်း ရပ်တည်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်)၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံး ကျင်းပသွားဖို့စီစဉ်ထားကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲဝင်ဖို့အတွက်လည်း ပါတီပေါင်း ၅၃ ခုက စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမှုနဲ့ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံရဲ့ လေ့လာရေးအဖွဲ့များကိုလည်း လာရောက်ကြည့်ရှုနိုင်ဖို့အတွက် ဖိတ်ကြားလိုပါတယ်။ ဒီမှာတစ်ဆက်တည်းမှာပဲ အဆွေတော်သမ္မတကြီးရဲ့ ဘယ်လာရုစ်
နိုင်ငံအပေါ်မှာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှုများ အတွက်လည်း အထူးပဲဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ အဆွေတော်ရဲ့ဦးဆောင်မှုနဲ့ ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်မယ်လို့လည်း ကျွန်တော်ယုံကြည်ထားပါတယ်။ အဆွေတော် သမ္မတကြီးကို မြန်မာနိုင်ငံမှာလည်း ထပ်မံတွေ့ဆုံဖို့လည်း ကျွန်တော် အပြည့်အဝမျှော်လင့်ထားပါတယ်။ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်အားလုံး ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်စုံစုံ အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko
ကျွန်တော့်အနေနဲ့ အခုလိုမျိုး ဖိတ်ကြားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကိုလည်း လာရောက်မှာဖြစ်ပါတယ်။ အဆွေတော် အဆိုပြုသွားတဲ့အတိုင်းပဲ ရွေးကောက်ပွဲမှာလည်း လေ့လာရေးစောင့်ကြည့်သူတွေကို ကျွန်တော်တို့ လွှတ်ပေးမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တစ်ခုလေး အကြံပြုလိုတာကတော့ အဆွေတော်ကို အကြံပြုစရာလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အဆွေတော်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မိမိနိုင်ငံသားတွေအတွက် အဆွေတော်အနေနဲ့ ကောင်းမယ်ထင်တဲ့အရာဆိုရင် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ဖို့အတွက် ကျွန်တော် အကြံပြုလိုပါတယ်။ အဆွေတော်အနေနဲ့ အကောင်အထည်ဖော်တဲ့အချိန်မှာ တချို့လူတွေကတော့ မကြိုက်တဲ့လူတွေကတော့ ရှိကောင်းရှိမှာပါ။ Sanctions တွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာရော အဆွေတော်မှာရော ရှိနေတဲ့ Sanctions တွေကလည်း ထပ်ပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ Sanctions ဆိုတာက အခွင့်အလမ်း ကောင်းလို့ ကျွန်တော်သတ်မှတ်ပါတယ်။ ဒီလိုမျိုး Sanctions ချထားတဲ့အချိန်မှာ အခွင့်အလမ်းကောင်းလို့ သတ်မှတ်တဲ့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပြီးတော့ ပိုမိုစည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး ဘယ်လာရုစ်နိုင်ငံကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Sanctions လုပ်တယ်ဆိုလို့ရှိရင် Sanctions လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ၊ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက အတိုက်အခိုက်ခံရတဲ့ software တွေက အင်အားစုစည်းမှုကို ပိုမိုရရှိစေပြီးတော့မှ ပြိုင်ဆိုင်မှုတွေကို ပြင်းထန်လာစေမယ်ဆိုတာကိုလည်း သတိပြုစေလိုပါတယ်။ သူတို့ဖြစ်တဲ့ အရာတစ်ခုကို Sanctions လုပ်ပြီးတော့ ဖိအားပေးတယ်ဆိုတာမျိုးက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ပဋိပက္ခသာပိုမိုကြီးမားလာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ဒါကို ရင်ဆိုင်ကျော်လွှားသွားပါမယ်။ အဆွေတော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောလိုပါတယ်။