နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံများသို့ သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ်များတွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက် ကြောင်း ထုတ်ပြန်ကြေညာ
နေပြည်တော်၊ ၂၀၂၅ မတ်လ ၈ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတကြီး HE Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတကြီး HE Mr. Aleksandr Lukashenko တို့၏ ဖိတ်ကြားချက်အရ ၂၀၂၅ မတ်လ ၃ ရက်နေ့တွင် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အပြုသဘော ဆောင်သောကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မြန်မာနိုင်ငံ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံ ဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တ ဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)တို့မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဘောထားထုတ်ပြန် ကြေညာခဲ့ကြ ကြောင်း သတင်းရရှိသည်။