နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံများသို့ သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ်များတွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက် ကြောင်း ထုတ်ပြန်ကြေညာ
နေပြည်တော်၊ ၂၀၂၅ မတ်လ ၉ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတကြီး HE Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတကြီး HE Mr. Aleksandr Lukashenko တို့၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် သွားရောက်ရာမှ ယနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော ကောင်းမွန် သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မြန်မာနိုင်ငံ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးအဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ ပိန္နဲကုန်းရခိုင် ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာရှီအာယ် မွတ်စ်လင်မ်ဘာသာရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ လူမျိုး ပေါင်းစုံစည်းလုံးညီညွတ်ရေးနှင့်အကျိုးဆောင်အဖွဲ့(ယာယီ)၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ MSME (Cluster) ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် တို့က ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ကြေညာ ခဲ့ကြကြောင်း သတင်းရရှိသည်။