နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်း၏ မီဒီယာများအားဖြေကြားချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်း၏ မီဒီယာများအားဖြေကြားချက်

 

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံကနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးဖိတ် ခေါ်ချက်အရ ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကို ဒီလ ၃ရက်နေ့ကနေ  ဒီနေ့ ၉ ရက်နေ့အထိ တစ်ပတ်ကြာခရီးသွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီထုတ်လွှင့်ခဲ့တဲ့အတွက်  မီဒီယာအားလုံးလည်း ဘာတွေဆောင် ရွက်ခဲ့တယ်၊ ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာ သိပြီးသားဖြစ်မှာဖြစ်ပါတယ်။  ဒါတွေကိုကျွန်တော်အကျယ် ချဲ့မပြောချင်တော့ဘူး။ အဓိကကတော့ နိုင်ငံ့အတွက်ဘာအကျိုးအမြတ်ရှိခဲ့လဲဆိုတာ ကျွန်တော် ပြောချင်ပါတယ်။

ဘာတွေရှိခဲ့လဲဆိုတော့  နံပါတ်တစ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ ကဏ္ဍသုံးရပ်အနေနဲ့ကျွန်တော်ခွဲပြောမှာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီး အာမခံချက်ရခဲ့တာက ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေက ယခင်ကတည်းကနိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံ ဘက်ကရပ်တည်ခဲ့တာဖြစ်တယ်။ အခုလည်းဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့ ခိုင်ခိုင်မာမာ အာမခံချက်ရရှိခဲ့တယ်။ နံပါတ်နှစ်အချက်က ကျွန်တော်မြန်မာနိုင်ငံမှာ အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီးတော့ အစောဆုံးသည် ဒီဇင်ဘာလနောက်ဆုံးအပတ်၊ နောက်အကျဆုံးသည် ဇန်နဝါရီလဒုတိယအပတ်လောက်မှာဖြစ်မယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေအပြင် ကျန်တဲ့နိုင်ငံတကာတွေက ထောက်ခံပေးပါတယ်။ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ တွေကထဲထဲဝင်ဝင်ဝင်ရောက်ထောက်ခံပေးတဲ့အပြင် လေ့လာ စောင့်ကြည့် ရေးအဖွဲ့တွေလည်း လွှတ်ပေး မယ် ဆိုတဲ့ခံယူချက်မျိုးရရှိခဲ့တယ်။

ပြည်သူတွေအနေနဲ့ ဝမ်းသာစရာ က ကျွန်တော်တို့သည် ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွှဲမသွေ ပြန်သွားမယ်။ မလွှဲမသွေဆောင်ရွက်ပေးမယ်။ ဒါသည်အောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ ပတ်သက် တာဖြစ်ပါတယ်။  စီးပွားရေးကဏ္ဍနဲ့ပတ်သက်ရင်  ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့သည် ကျွန် တော်တို့နိုင်ငံထက် နည်းပညာမြင့်မားတာတွေရှိတယ်။  ကျွန်တော်တို့ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့စက်မှုစီးပွားကိုသွားမယ့် နိုင်ငံလို့ သတ်မှတ်ထားတယ်။ ဒီလိုမျိုးလုပ်နိုင်ဖို့ ကျွန်တော်တို့မှာအခွင့်အလမ်းကောင်းတွေရှိတယ်။ ရုရှားလိုနိုင်ငံမျိုးနဲ့မပြောသေးဘူး။  မြန်မာရဲ့ အကျယ်အဝန်းထက် ဘီလာရုစ်နိုင်ငံသည် သုံးပုံတစ်ပုံလောက်ပဲကျယ်ဝန်းတယ်။ ကုန်းတွင်း ပိတ်နိုင်ငံဖြစ်တယ်။

ဒါ့အပြင် ဘီလာရုစ်နိုင်ငံသည် လူဦးရေ အများဆုံး၉ ဒသမ ၁ သန်းပဲရှိတယ်။ သို့သော်သူရဲ့ စိုက်ပျိုးရေးကဏ္ဍတစ်ခုထဲကနေရရှိတဲ့ GDP က ၉ ဘီလီယံနီးပါးထိရရှိတယ်။ အဲဒီမှာ ကြည့်လိုက်တော့ သူသည်လယ်ယာစိုက်ပျိုးမှုဧရိယာက မြန်မာနိုင်ငံထက်နည်းတယ်။ ဒါ့အပြင် ကန့်သတ်ချက်တွေလည်းရှိပါတယ်။ အခုချိန်မှာဘယ်လာရုစ်နိုင်ငံရဲ့ ရာသီဥတုက ညပိုင်း မှာဆိုရင် အနှုတ်(- ၂ )ဒီဂရီစင်တီဂရိတ်မှ (-၁၂ )ဒီဂရီစင်တီဂရိတ် လောက်ရှိတယ်။ တချို့နေရာတွေမှာလည်း အမြဲတမ်းအေးနေတယ်။ စိုက်ပျိုးဖို့အတွက် မြေကန့်သတ်ချက်၊ ရာသီဥတုကန့်သတ်ချက် တွေရှိ တယ်။

ဒီလိုမျိုးနိုင်ငံတောင်ဖြစ်ထွန်းရင် ကျွန်တော်တို့လို ရေ၊မြေ၊ရာသီဥတုကောင်းမွန်တဲ့ နိုင်ငံက မဖြစ်ထွန်းစရာအကြောင်းမရှိပါဘူး။ လိုအပ်နေတာက ခေတ်မီတဲ့စိုက်ပျိုးမွေးမြူ ရေးစနစ်ဖြစ်တယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့သဘောတူစာချုပ်တွေချုပ်ဆိုခဲ့တာရှိ တယ်။ ခေတ်မီတဲ့စိုက်ပျိုးမွေးမြူရေးစနစ်က လိုအပ်ချက်တွေအများကြီးရှိပါတယ်။  ကျွန်တော် တို့ တောင်သူလယ်သမားတွေရဲ့လိုအပ်နေတဲ့ ဓာတ်မြေဩဇာလိုအပ်ချက်တွေ၊ ဒီဓာတ်မြေဩဇာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင်ဆောင်ရွက်လျက်ရှိတယ်။ စာချုပ်တွေချုပ်ဆိုခဲ့တာ ရှိတယ်။  ဒါ့အပြင် ဓာတ်မြေဩဇာနဲ့ပတ်သက်ပြီး လိုအပ်ချက်ဆိုရင်မြန်မာနိုင်ငံမှာစက်ရုံတည်ဖို့ ဖိတ်ခေါ်ခဲ့တာရှိတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့လည်း ဓာတ်မြေဩဇာစက်ရုံတည်နိုင်ဖို့ ဆောင် ရွက်နေပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာအဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီး ၃ ခုရှိတယ်။ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ရေနက်ဆိပ်ကမ်းတို့ဖြစ်တယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းသည်ရပ်ဆိုင်းနေတာကြာပြီ ဒီထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနဲ့ဆောင်ရွက်နိုင်ဖို့ MOU လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့တယ်။ သို့သော် ရုရှားနိုင်ငံနဲ့အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆိုလည်း ဒီနေရာမှာပါဝင်လို့ရ ပါတယ်။  လုပ်ဆောင်နိုင်ဖို့ဖိတ်ခေါ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်။ နောက်တစ် ခုက လူမှုရေးဖြစ်တယ်။

လူမှုရေးကဏ္ဍ ပညာရေး၊ ကျန်းမာရေးမှာ သူတို့နိုင်ငံကမြင့်မား ကြတယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍမှာ တိုးတက်အောင် ကျွန်တော်တို့ဆောင်ရွက်လျက် ရှိပါတယ်။ ဒီခရီးစဉ်တစ်ခုလုံးကို အနှစ်ချုပ်ပြီးပြောရရင် ကျွန်တော်မြန်မာနိုင်ငံရဲ့ ပြည်သူ တွေမျှော်မှန်းနေတဲ့ ကျွန်တော်တို့လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ဖို့၊ ပြန်လုပ်နိုင်ဖို့၊ ပြန် ဆောင်ရွက်နိုင်ဖို့၊ ပြန်ပြီးအောင်မြင်နိုင်ဖို့ တိုင်းပြည် တစ်ပြည်လုံးပိုပြီးဖွံ့ဖြိုးတိုး တက်လာနိုင်ဖို့ အတွက် ဒါအလားအလာကောင်းတွေကို ဆောင်ကြဉ်းနိုင်ခဲ့တဲ့ခရီးစဉ်ဖြစ်တယ်လို့ပြောချင်ပါတယ်။