အာဆင်နယ်အသင်းက နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားလေးဦးကို အသင်းမှ ထွက်ခွာခွင့်ပြု

 

အာဆင်နယ်အသင်းက နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားလေးဦးကို အသင်းမှ ထွက်ခွာခွင့်ပြု

 

လန်ဒန်   မတ်   ၁၂

‌    အာဆင်နယ်အသင်းက   လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်  အသင်းမှ ကစား သမားလေးဦးကို ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဂျော်ဂျင်ဟို၊ တီယာနေးနှင့်  သောမက် ပါတေးတို့အပြင်    ခံစစ်ကစားသမား   ဇက်ချန်ကိုကိုလည်း ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းက   အသင်းမှထွက်ခွာခွင့်ပြု ခဲ့သည့်ကစားသမားလေးဦးတွင် သောမက်ပါတေး သည်  ယခုဘောလုံးရာသီတွင်  အသင်းကွင်းလယ် ပိုင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူ ဖြစ်သော်လည်း    နည်းပြအာတီတာက  လာမည့် နွေရာသီ   ကစားသမားအပြောင်းအရွှေ့ ကာလတွင် ၎င်းကို ထွက်ခွာခွင့်ပြုမည်ဖြစ်သည်။

အလားတူ ဂျော်ဂျင်ဟိုသည်လည်း အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ   ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှထွက်ခွာရန် အတည်ပြုထားသူ ဖြစ်ပြီး တီယာနေးသည်လည်း  ယခုဘောလုံးရာသီ အကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးကာ လမ်းခွဲမည် ဖြစ်ပြီး အသင်းဟောင်းဆဲလ်တစ် အသင်းသို့ ပြောင်းရွှေ့ ကစားဖွယ်ရှိနေသည်။

အလားတူ ဇက်ချန်ကိုသည်လည်း    အသင်းနှင့် အတူ   တစ်ရာသီစာချုပ်သက်တမ်း ကျန်ရှိနေသေး သော်လည်း အာဆင်နယ်အသင်းက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင်  စတာလင် ပေါင်   ၁၇   သန်းရရှိလျှင်   ရောင်းချမည်ဖြစ်ကြောင်း သိရသည်။