တောင်ကြီးမြို့၌ နွေရာသီအားကစား သင်တန်းများအတွက် အားကစားပစ္စည်းများ ပေးအပ်

 

တောင်ကြီးမြို့၌ နွေရာသီအားကစား သင်တန်းများအတွက် အားကစားပစ္စည်းများ ပေးအပ်

 

တောင်ကြီး   မတ်   ၁၂

    ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌  ရှမ်းပြည်နယ်  အမျိုးသမီးရေးရာအဖွဲ့မှ  ကြီးမှူးကျင်းပသော နွေရာသီအားကစား သင်တန်းများအတွက် အားကစားပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၁၁ ရက်က ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ရှေးဦးစွာ   ရှမ်းပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ  ဒေါ်ထားထားဝင်းက အဖွင့်အမှာစကားပြောကြားပြီး အေရိုးဗစ်သင်တန်းသူများ၊   အမျိုးသမီး ကိုယ်လုံပညာ ဝူရှူးသင်တန်းသူများ၊ ဘော်လီဘောသင်တန်းသူများ၊ ဘတ်စကက်ဘော သင်တန်းသူများက အားကစားနည်းများကို သရုပ်ပြသကြကာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက အားကစားပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့လှုပ်ရှားမှုအနေဖြင့်  အားကစားသင်တန်းသူများအားသနပ်ခါးလိမ်းခြယ်ပေးကြသည်။ ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အားကစားရုံအတွင်း အားကစားနည်းများ      သင်တန်းပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော နွေရာသီအေရိုးဗစ်သင်တန်း၊ ကိုယ်လုံပညာ ဝူရှူးသင်တန်း၊ ဘော်လီဘောသင်တန်း၊ ဘတ်စကက်ဘော သင်တန်းများကို မတ်လ ၃ ရက်မှ ၃၁  ရက်အထိ  သက်ဆိုင်ရာအားကစားနည်းပြများဖြင့်  သင်တန်းပို့ချပေးလျက် ရှိကြောင်း သိရသည်။