ဖီအိုရင်တီးနား အသင်းကို ရှုံးနိမ့်သော်လည်း နည်းပြမော်တာအား ရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိကြောင်း ဂျူဗင်တပ်စ်အသင်း အတည်ပြု

 

ဖီအိုရင်တီးနား အသင်းကို ရှုံးနိမ့်သော်လည်း နည်းပြမော်တာအား ရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိကြောင်း ဂျူဗင်တပ်စ်အသင်း အတည်ပြု

 

ရောမ    မတ်    ၁၇

      ဂျူဗင်တပ်စ်အသင်းက ဖီအိုရင်တီးနားအသင်းကို ဂိုးပြတ်ရှုံးနိမ့်သော်လည်း နည်းပြမော်တာကို ရာထူးမှ ထုတ်ပယ်ရန် အစီအစဉ်မရှိကြောင်း   အတည်ပြုခဲ့သည်။

နည်းပြမော်တာသည် အစောပိုင်းပွဲစဉ်များတွင် အသင်းကို အီတလီစီးရီးအေပြိုင်ပွဲ၌  ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင်  စွမ်းဆောင်နိုင်ပြီးနောက်  ချန်ပီယံလမ်းကြောင်းပေါ် ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့် အတ္တလန္တာအသင်းနှင့် ပွဲစဉ်တွင်   ၄ ဂိုး-ဂိုးမရှိဖြင့်  ရှုံးနိမ့်ခဲ့သကဲ့သို့   ဖီအိုရင်တီးနား အသင်းကိုလည်း ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အ‌ရေးနိမ့်ပြီးနောက် ဖိအားများကျရောက်ခဲ့သော်လည်း နည်းပြအပြောင်းအလဲ လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

‌ဂျူဗင်တပ်စ်အသင်းသည်  ယခုဘောလုံးရာသီ အစပိုင်းတွင် နည်းပြမော်တာ လက်အောက်၌ ရုန်းကန်ခဲ့ရပြီးနောက်  အနာဂတ်မရေမရာ ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့်ဇန်နဝါရီလ  ၂၂ ရက်က ကစားခဲ့သည့် နာပိုလီအသင်းနှင့် ပွဲစဉ်တွင်  ရှုံးနိမ့်ပြီး ငါးပွဲဆက်ပြန်လည် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခြင်းဖြစ်သည်။

ဖီအိုရင်တီးနားအသင်းကို  ရှုံးနိမ့်သည့်ပွဲစဉ်အပြီး တွင် ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာ ဂွမ်တိုလီက  နည်းပြမော်တာ၏ အနာဂတ်နှင့် ပတ်သက်ပြီး  "နည်းပြမော်တာကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိပါဘူး။  ကျွန်တော်တို့အားလုံး ရှေ့ဆက်သွားမှာပါ။

နည်းပြမော်တာအပေါ် ကျွန်တော်တို့ဘက်က အပြည့်အဝ ထောက်ခံထားပါတယ်"ဟု  ပြောသည်။