တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့် သင်ကြားပေးနေမှုကို ကွင်းဆင်းကြည့်ရှု

 

တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့် သင်ကြားပေးနေမှုကို ကွင်းဆင်းကြည့်ရှု

နေပြည်တော်  ဧပြီ   ၃၀

၂၀၂၅ ခုနှစ်      ဇွန်လ   ၁၆   ရက်တွင် ပြန်လည်ကျင်းပမည့်  တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက် ဖြေဆိုကြမည့်  ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်း လေ့ကျင့် သင်ကြားပို့ချနေမှုကို  ဧပြီလ  ၂၉  ရက်မှစတင်၍  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊        မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး   ဦးအောင်လှနှင့် တာဝန်ရှိသူများပူးပေါင်း၍  ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)  အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂၀) အခြေခံပညာ အထက်တန်းကျောင်းတို့သို့  သွားရောက်၍ကျောင်းသား၊ ကျောင်းသူများ၊   မိဘများနှင့်တွေ့ဆုံကာ     ရာနှုန်းပြည့် စခန်းသွင်းလေ့ကျင့်သင်ကြားနိုင်ရေး     ဆောင်ရွက်သွားမည့်အခြေအနေများ၊  ကျောင်းသား၊ ကျောင်းသူများ   နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးစီမံဆောင်ရွက် ထားရှိမှုများကို    ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ သင်ကြားမည့် စာသင်ဆောင်များ၊   အိပ်ဆောင်များနှင့် သင်ခန်းစာပို့ချနေမှုကို      လှည့်လည်ကြည့်ရှုသည်။

ပုဗ္ဗသီရိမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ  ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊    ကျောင်းသူများအတွက် စခန်းသွင်း     လေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်း      ၁၂   ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းငါးကျောင်း  စုစုပေါင်း ၁၇ကျောင်းရှိပြီး      သင်ခန်းစာပို့ချမှုအနေဖြင့် အခြေခံပညာကျောင်းများမှ        ဆရာ၊ ဆရာမများအပြင်    တက္ကသိုလ်၊   ဒီဂရီ၊ ကောလိပ်များမှ ဆရာ၊  ဆရာမများက လည်း  လာရောက်လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။