ရေကူးသွားပြီး ၃၀ မီလီမီတာစက်အမြောက်နဲ့တိုက်ခိုက်မယ့် ACV-30mm တင့်များ

 

ရေကူးသွားပြီး ၃၀ မီလီမီတာစက်အမြောက်နဲ့တိုက်ခိုက်မယ့် ACV-30mm တင့်များ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကုန်း၊ ရေနှစ်သွယ်သွားတင့် ဖျက်ဒုံးကျည်စနစ်အသစ်တစ်မျိုးကို မိတ် ဆက်ပြသပြီးနောက် မကြာမီမှာပဲ အမေ ရိကန်မရိန်းတပ်ဖွဲ့က ကုန်း၊ ရေနှစ်သွယ် သွားတင့်အမျိုးအစား အသစ်ကို ထုတ်ဖော် ပြသလိုက်ပါတယ်။

၃၀ မီလီမီတာစက်အမြောက်သုံး ကုန်း၊ ရေနှစ်သွယ်သွားတိုက်ယာဉ် ( ACV-30mm) အစင်း ၃၀ ကို ဒေါ်လာ ၁၈၈ ဒသမ ၅ သန်းနဲ့ BAE System ကုမ္ပဏီက မရိန်း တပ်ဖွဲ့အတွက် ထုတ်လုပ်ပေးသွားမှာဖြစ် ပါတယ်။ သူ့မှာအရေးအကြီးဆုံးသော ပြောင်းလဲမှုတစ်ခုက အဝေးထိန်းဆုံလည် စနစ်ပါဝင်လာခြင်းဖြစ်ပါတယ်။ ဒီအတွက် ကြောင့်လည်း ဘီးရှစ်လုံးတပ် ACV-30mm ကုန်း၊ ရေနှစ်သွယ်သွားတိုက်ယာဉ်များ ကရည်မှန်းချက်ဆီ ရေကူးသွားပြီး ၃၀ မီလီ မီတာစက်အမြောက်နဲ့တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။              

Ref: IE

K.H