EV တစ်စီးရဲ့အကွာအဝေးကိုပူပန်စရာမလိုတော့မယ့် ဘက်ထရီလဲပေးမယ့်စခန်းများ

 

EV တစ်စီးရဲ့အကွာအဝေးကိုပူပန်စရာမလိုတော့မယ့် ဘက်ထရီလဲပေးမယ့်စခန်းများ

လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များဟာ ဘက်ထရီစွမ်းအင်အပေါ်မှီခိုနေ ရတာဖြစ်တာကြောင့် ဘက်ထရီအားကုန်တာနဲ့ ကုန်တဲ့နေရာမှာ ထိုးရပ်သွားမယ့် အခြေအနေရှိပါတယ်။ လောင်စာဆီသုံး ကားတွေလိုမျိုး ဘက်ထရီအားကိုအလွယ် တကူဖြည့်ဖို့ဆိုတာကလည်း သိပ်အဆင် မပြေနိုင်သေးပါဘူး။ ဒါကြောင့် EV တွေ ကိုစီးတဲ့သူတွေအနေနဲ့ အကွာအဝေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြပူပန်မှုတွေ ရှိကြပါတယ်။

အခုတော့ တရုတ်နိုင်ငံမှာနည်းပညာ တစ်ခုတိုးတက်ထွန်းကားလာပါပြီ။ အဲဒါ ကတော့ အရုပ်ကားတွေမှာလိုမျိုးပဲ ဘက် ထရီတွေကိုဖြုတ်လဲလိုက်ရုံနဲ့ အချိန်ကုန် သက်သာတဲ့အပြင် ခရီးအကွာအဝေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။

ဒီနည်းပညာ   ထွန်းကားလာတာကကြာ တော့ကြာနေပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ တော့ ဒီလိုနည်းပညာ အသုံးပြုထားတဲ့ ဘက်ထရီလဲပေးမယ့်စခန်းတွေ ပိုမိုများပြားလာပါပြီ။

EV ကားကုမ္ပဏီတွေက သူ့ထက်ငါ အပြိုင်အဆိုင်ဆိုသလို ဘက်ထရီတွေကို လဲပေးမယ့်စခန်းတွေကိုလည်း အသီးသီး တည်ဆောက်လာကြပါပြီ။

Ref: IE

                                         K.H