တက်စမေးနီးယားမှာ ရေချလိုက်တဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင်သုံးသင်္ဘော
Hull 096 လို့အမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင်သုံးသင်္ဘောကြီးကို တက်စမေးနီးယား ပြည်နယ်မှာ ရေချလိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံးလျှပ် စစ်စွမ်းအင်သုံးသင်္ဘောလို့ပြောလိုက်ရ တဲ့အကြောင်းရင်းက သူဟာအလျားအားဖြင့် ၄၂၆ ပေရှိတဲ့အတွက်ကြောင့်ဖြစ်ပါ တယ်။ သူ့ကိုထုတ်လုပ်ထားတဲ့ ကုမ္ပဏီက Incat ဆိုတဲ့သင်္ဘောထုတ်လုပ်ရေးကုမ္ပဏီပါ။
အဲဒီသင်္ဘောကြီးက ခရီးသည်ဦးရေ ၂၁၀၀ အထိနဲ့ ယာဉ်အစင်းရေ ၂၂၅ စင်းကို တင်ဆောင်နိုင်စွမ်းရှိတာကြောင့် ပင်လယ် ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ သမိုင်းဝင်မယ့် အလှည့်အပြောင်းတစ်ခုဖြစ်လာ တာကိုတွေ့ရပါတယ်။
သူ့မှာတပ်ဆင်ပေးထားတဲ့ ဘက်ထရီ ပမာဏက တန်ချိန်အားဖြင့် ၂၇၅ တန် အထိရှိပါတယ်။ ထုတ်လုပ်နိုင်တဲ့လျှပ်စစ် စွမ်းအင်ပမာဏက ၄၀ မဂ္ဂါဝပ်နာရီရှိပါ တယ်။ ဒါကြောင့်လည်း အခုလိုမျိုးဘက်ထရီ စွမ်းအင်ကို သင်္ဘောတစ်စင်းမှာတပ်ဆင်တာဟာ အကြီးဆုံးသော တပ်ဆင်မှုဖြစ်လာပါတယ်။
ဘက်ထရီကနေထွက်လာတဲ့စွမ်းအင် က လျှပ်စစ်စွမ်းအင်သုံး Water Jet ရှစ်လုံး ကိုလည်ပတ်စေပါတယ်။ ဒါကြောင့်ပဲ မြစ်အတွင်းမှာ မိနစ် ၉၀ ကြာခရီးသွား လာနိုင်စေမှာပါ။ ဒါ့အပြင် သူ့ကိုအားသွင်း ဖို့အတွက် နေရာတွေကို သူပြေးဆွဲမယ့် ရီယိုဒဲလာ ပလာတာမြစ်ကြောင်းရဲ့တစ်ဖက်တစ်ချက်မှာ ထည့်သွင်းတည်ဆောက်သွားဦးမှာ ဖြစ်ပါတယ်။
Ref: IE
K.H