ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထပ်မံချိုးဖောက်ဟု အိန္ဒိယပြော

ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထပ်မံချိုးဖောက်ဟု အိန္ဒိယပြော

နယူးဒေလီ၊ စစ်ရေး

ပါကစ္စတန်နိုင်ငံက နှစ်နိုင်ငံကြားရှိ နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ကိုထပ်မံချိုးဖောက်ကြောင်း    အိန္ဒိယကြည်းတပ်အရာရှိများက မေလ ၃ ရက်တွင် ပြောသည်။

အိန္ဒိယကထိန်းချုပ်ထားသော ကက်ရှ မီးယားဒေသရှိ ပါဟယ်ဂမ်မြို့၌ အကြမ်း ဖက်သမားများ၏တိုက်ခိုက်မှုများကြောင့် ခရီးသွားပြည်သူ ၂၆ ဦးသေဆုံးပြီးနောက် အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့ကြား တင်းမာမှုများမြင့်တက်လာစဉ် နယ်စပ် ဒေသ၌ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည်မှာ ကိုးညတိုင်တိုင် ရှိလာပြီဖြစ်သည်။

မေလ ၂ ရက်ညနှင့် ၃ ရက်အစောပိုင်း တို့တွင် ပါကစ္စတန်စစ်ဘက်က ကူဝါရာ၊ ယူရီနှင့်    အက်ခနောအပိုင်းတို့တွင် လက်နက်ငယ်များဖြင့်ပစ်ခတ်လာခြင်းဖြစ်သောကြောင့်  အိန္ဒိယစစ်ဘက်ကလည်း သင့်လျော်သလိုလျင်မြန်စွာတုံ့ပြန်ပစ်ခတ်မှုများ   လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းတာဝန်ရှိသူများ၏ပြောဆိုချက်ကိုကိုးကား၍ ANI သတင်းဌာနကဖော်ပြထားသည်။

ဧပြီလ ၂၂ ရက်တွင်  ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်သူ များသည် ပါကစ္စတန်နိုင်ငံ၌အခြေစိုက်နေ သည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့နှင့်ဆက်စပ် နေသောကြောင့် ယင်းအကြမ်းဖက်တိုက် ခိုက်မှုတွင်ပါကစ္စတန်နိုင်ငံကပါဝင်ပတ်သက်နေကြောင်း အိန္ဒိယအစိုးရကအခိုင်အမာပြောထားသည်။ သို့သော် အိန္ဒိယ၏ ပြောဆိုချက်များကို  ပါကစ္စတန်ဘက်က ငြင်းဆိုထားကြောင်းသိရသည်။

Ref: RT