နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/ ၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/ ၂၀၂၅) သင်တန်းသား၊ သင်တန်းသူမ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/ ၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/ ၂၀၂၅) သင်တန်းသား၊ သင်တန်းသူများ၊ အုပ်ချုပ်သူ/ နည်းပြများအား တွေ့ဆုံဂုဏ်ပြု အမှာစကား ပြောကြားသည့် အခမ်းအနားသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူများ၏ စကားသံများ

 

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခြေခံနှင့် တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/ ၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/ ၂၀၂၅) သင်တန်းသား၊ သင်တန်းသူများ၊ အုပ်ချုပ်သူ/ နည်းပြများအား တွေ့ဆုံဂုဏ်ပြု အမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် သက်ဆိုင်ရာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူများ၏စကားသံများကို ပြန်လည်မျှဝေလိုက်ရပါသည်-

ဗိုလ်မှူးသော်တာဇော် ၊ (အုပ်ချုပ်သူတာဝန်ခံ)

     ရေကြောင်းလူငယ်သင်တန်းမှာ ရေ ကြောင်းလူငယ် အခြေခံသင်တန်းနဲ့ တန်းမြင့်သင်တန်းရှိပါတယ်။ အခြေခံသင်တန်းနဲ့တန်းမြင့်သင်တန်းမှာ အခြေခံစစ်ရေးပြသင်ပါတယ်။ သင်တန်းမှာ   အခြေခံရေကူးသင်တန်းဘာသာရပ်၊   အခြေခံလှေလှော်/ ရွက်တိုက်ဘာသာရပ်၊ ရေတပ် သားလမ်းညွှန်ဘာသာရပ်၊ ရေကြောင်း လမ်းညွှန် ဘာသာရပ်တွေ၊ အလံအချက်ပြဘာသာရပ်၊  ဆက်သွယ်ရေး ဘာသာရပ် စတာတွေကို သင်ကြားပေးပါတယ်။ ကလေးတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်တဲ့သူ၊  ဘာသာရပ်အလိုက် ထူးချွန်တဲ့သူတွေကို ရွေးချယ်ပြီးတော့မှ စခန်းပေါင်းစုံပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းပါတယ်။ ကျွန်တော်တို့ ကျိုင်းတုံစခန်း သင်တန်းမှာဆို  သင်တန်းသား ၂၂  ဦး၊ သင်တန်း သူ ၃၈ ဦး စုစုပေါင်း ၆၀ ဦးတို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ကလေးတွေက  တောင်ပေါ်ဒေသက ဖြစ်တဲ့ အတွက်  ရေတပ်တို့၊ လေတပ်တို့နဲ့ဝေးကွာပါတယ်။  တပ်မတော်ကနေ ဒီလိုမျိုးသင်တန်းတွေကို ဖွင့်လှစ်သင်ကြား ပေးမှသာ ကလေးတွေကတက်ရောက်ခွင့်၊ သိခွင့်ရကြတာဖြစ်ပါတယ်။ နိုင်ငံအတွက်  မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ် ပေးနိုင်တဲ့ သင်တန်းလို့လည်း ပြောလို့ရပါတယ်။

Description: C:\Users\TinTunAung\Desktop\22-5-2025\22532.jpg

ဦးအောင်မိုးလွင် (အုပ်ချုပ်သူ)

       ကျွန်တော်က ပြည်စခန်းက ကျောင်းသား၊ ကျောင်းသူတွေကို အုပ်ချုပ်သူအဖြစ် တာဝန်ယူဆောင်ရွက်ရတာဖြစ်ပါတယ်။ သင်တန်းကို ကျောင်းသား၊ ကျောင်းသူတွေ လာတက်ရောက်တဲ့အခါမှာ သူတို့အတွက်အများကြီး အကျိုးကျေးဇူးရရှိပါတယ်။ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်မှာ အချိန်ကိုအကျိုးရှိစွာနဲ့ အသုံးချတဲ့ သင်တန်းလို့ပြောလို့ရပါတယ်။  အကျိုး ကျေးဇူးတွေက သူတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှာ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်လာတာတွေ၊ ရိုင်းပင်းကူညီစိတ်ထားလေးတွေ၊ စည်းစနစ်တကျ အချိန်ကိုအကျိုးရှိစွာ  အသုံးချတတ်မှုတွေကို သင်တန်းမှာတွေ့ရပါတယ်။   နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်မှာ အချိန်ကို အလကားမထားဘဲ ဒီလိုမျိုးသင်တန်းကို ကျောင်းသား၊    ကျောင်းသူတွေ အားလုံးတက်ရောက်ကြဖို့    တိုက်တွန်းချင်ပါတယ်။

Description: C:\Users\TinTunAung\Desktop\22-5-2025\22533.jpg

မငုရီကိုကို (တန်းမြင့်ရေကြောင်းလူငယ်သင်တန်း)

      ကျွန်မက  အင်းယားစခန်းမှာ တန်းမြင့်ရေကြောင်းသင်တန်း တက်တာဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက်တဲ့ပွဲ အခမ်းအနားမှာ ရေကြောင်းလူငယ်မောင်မယ်များ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားရတဲ့အတွက် များစွာဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ကျွန်မတို့  လူငယ်မောင်မယ်များ အနေနဲ့ အချိန်ကို   အကျိုးရှိရှိအသုံးချတတ်မှု၊ အမိန့်နာခံတတ်ပြီး စည်းကမ်းကို တိကျစွာ လိုက်နာတတ်မှုတွေ၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်တတ်မှုတွေ၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိလာတာတွေ၊ သူငယ်ချင်းသစ် ရရှိတာတွေ စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိခဲ့ပါတယ်။ ကျွန်မတို့မသိသေးတဲ့ မြန်မာ့ပင်လယ်ပြင်ကြီးရဲ့ ရေကြောင်းအကျိုးစီးပွားအတွက် အဓိကအခန်းကဏ္ဍမှာ ပါဝင်တယ်ဆိုတာ ဗဟုသုတအနေနဲ့ ိရှိခဲ့ရပါတယ်။ ကျွန်မတို့က အမိနိုင်ငံက မွေးဖွားလာတာ ဖြစ်တဲ့အတွက်   မိမိတို့ တိုင်းပြည်အတွက် အားထားရတဲ့လူငယ်မောင်မယ်များအဖြစ်   ကြိုးစားနေထိုင်သွားပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Description: C:\Users\TinTunAung\Desktop\22-5-2025\22534.jpg

မောင်ဥက္ကာမင်း (တန်းမြင့်လေကြောင်းလူငယ်သင်တန်း)

      ကျွန်တော်က တနင်္သာရီတိုင်း ဒေသကြီးကနေ တန်းမြင့်လေကြောင်းလူငယ် သင်တန်းပညာကို လာရောက်သင်ကြားတာဖြစ်ပါတယ်။ သင်တန်းကတော့ လေယာဉ်တစ်စင်းမှာပါတဲ့ ဘာသာရပ်တွေ၊ လေယာဉ်သမိုင်း၊ လေကြောင်းနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကိုသင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။   ဒီသင်တန်းကစိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ အတွေ့အကြုံဗဟုသုတတွေ အများကြီး ကိုယ့်အတွက်ရရှိတဲ့ သင်တန်းလို့ ပြောလို့ရပါတယ်။ ဒီသင်တန်းမှာ သင်ကြားခဲ့တဲ့ ဘာသာရပ်တော်တော်များများကို ကျွန်တော်ကြိုက်နှစ်သက်ပါတယ်။  စစ်ရေးပြ ဘာသာရပ်ကို အကြိုက်ဆုံးဖြစ်ပါတယ်။ ကျွန်တော်က   စစ်တက္ကသိုလ်တက်ဖို့ စိတ်ဝင်စားတဲ့အတွက် စစ်သမိုင်းဘာသာရပ်တွေနဲ့ ပတ်သက်တာကို  လေ့လာဖို့ ကြိုးစားနေပါတယ်။ ကျွန်တော့် ရည်မှန်းချက်က နိုင်ငံတော်ကို ကာကွယ်တဲ့ တပ်မတော်သားကောင်း တစ်ယောက်ဖြစ်ချင်ပါတယ်။

Description: C:\Users\TinTunAung\Desktop\22-5-2025\22535.jpg

မဆုလင်းထက် (တန်းမြင့်လေကြောင်းလူငယ်သင်တန်း)

      ကျွန်မကတော့ မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်းကနေ လေကြောင်းလူငယ် သင်တန်းကို လာတက်ရောက်တဲ့ မဆုလင်းထက်ဖြစ်ပါတယ်။  ကျွန်မတက်တဲ့သင်တန်းက  တန်းမြင့်လေကြောင်းလူငယ်သင်တန်းဖြစ်ပါတယ်။ လေကြောင်းအခြေခံသင်တန်းမှာ သင်ခဲ့ရတာက လေကြောင်းနဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို သင်ခဲ့ရပါတယ်။ တန်းမြင့်လေကြောင်းသင်တန်းမှာက ပိုပြီးကျယ်ပြန့်လာတယ်။ လေယာဉ်တစ်စင်း ပျံသန်းဖို့အတွက်  ဘာတွေလိုအပ်လဲ။ အခြေခံသင်တန်းထက်ပိုပြီး လေ့လာစရာတွေ၊ အသိပညာတွေ ပိုတိုးလာပါတယ်။ မနှစ်က စစ်ရေးပြဘာသာရပ်မှာ လက်နက်မဲ့လေ့ကျင့်ရပြီး ဒီနှစ်မှာ တန်းမြင့်သင်တန်းဆိုတော့ သေနတ်ကိုင်ပြီး လေ့ကျင့်ခဲ့ရပါတယ်။ ဒီနှစ်မှာ လေယာဉ်အုပ်တွေကိုလည်း မနှစ်ကထက်ပိုပြီး လေ့လာခွင့်ရရှိခဲ့တယ်။လေယာဉ်တွေကို စိတ်ဝင်စားတဲ့အတွက် ကျွန်မကအနာဂတ်မှာလေယာဉ်တွေကို ပြင်ဆင်နိုင်တဲ့ အင်ဂျင်နီယာလိုမျိုး ဖြစ်ချင်ပါတယ်။

Description: C:\Users\TinTunAung\Desktop\22-5-2025\22536.jpg

မောင်စောခန့်ထက်ကို (အခြေခံရေကြောင်းလူငယ်သင်တန်း)

      ကျွန်တော်က အခြေခံရေကြောင်းလူငယ်သင်တန်းကို တက်ရောက်တဲ့ မောင်စောခန့်ထက်ကို   ဖြစ်ပါတယ်။ ကျွန်တော်  ရေကြောင်းအခြေခံပညာသင်တန်းကို စိတ်ဝင်စားတဲ့အတွက် စာရင်းပေး တက်ရောက်တာဖြစ်ပါတယ်။ သင်တန်းမှာဆိုရင် ရေကြောင်းနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ၊ သင်္ဘောတစ်စင်းရဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေ၊ သင်္ဘောတစ်စင်း တည်ဆောက်ပုံအဆင့်ဆင့်တွေကို လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ နောက်ပြီး အခြေခံရေတပ်သား ဘာသာရပ်၊ အခြေခံလှေလှော်၊ ရွက်တိုက်ဘာသာရပ်၊ အခြေခံရေကူးဘာသာရပ်၊ အခြေခံရေကြောင်း လမ်းညွှန်ဘာသာရပ်၊ အခြေခံစစ်ရေးပြ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ဒီရေကြောင်းလူငယ်သင်တန်းကို တက်ရောက်ခဲ့တာ ကျွန်တော့်အတွက် အကျိုးရှိတဲ့သင်တန်းလို့ပြောလို့ရပါတယ်။ မိမိကိုယ်တိုင်လည်း အသင်းအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်မှု၊ စည်းကမ်းရှိမှုတွေလည်းပိုမိုရရှိခဲ့တယ်။ ဒီသင်တန်းကိုမတက်ရသေးတဲ့ ကျွန်တော့်သူငယ်ချင်းအားလုံးလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။      ။