ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများ၏ စကားသံများ

 

ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများ၏ စကားသံများ

 

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း)ကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး   “ကျောင်းနေအရွယ်ကလေးအားလုံး  စဉ်ဆက်မပြတ် ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဆောင်ရွက်ကြသည်။ ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဒေါက်တာရွှေစင်အိ၊ မန္တလေးတိုင်းဒေသကြီး ၊ ပညာရေးမှူးရုံးမှ  ညွှန်ကြားရေးမှူး(ပညာ)

      ဒီနေ့ကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေအားလုံး ကျောင်းအပ် လက်ခံတဲ့နေ့ဖြစ်ပါတယ်။ ကျွန်မတို့ မန္တလေးတိုင်းဒေသကြီးမှာလည်း ကျောင်းတွေမှာ   ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ပါတယ်။ ကျောင်းလာအပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း တန်းစဉ်အလိုက် လိုအပ်တဲ့ ကျောင်းသုံးကိရိယာတွေကို နိုင်ငံတော်က ထောက်ပံ့ပေးပါတယ်။ နောက်ပြီး ကျောင်းလခကိုလည်း ကောက်ခံခြင်းမရှိဘဲ အခမဲ့ပညာရေးစနစ်နဲ့ ဆောင်ရွက်နေပါတယ်။ ကျောင်းအပ်လက်ခံတဲ့နေ့မှာကိုပဲ ကျောင်းတွေမှာ ကလေးတွေကို  အများအပြား လာရောက်အပ်နှံကြတာ တွေ့မြင်ရပါတယ်။ ကျွန်မတို့အနေနဲ့လည်း မိဘတွေနဲ့ ကလေးတွေကို ကျောင်းလာရောက် အပ်နှံကြဖို့နဲ့ စဉ်ဆက်မပြတ် အတန်းလိုက် တက်ရောက်ပညာသင်ယူသွားဖို့     တိုက်တွန်းဖိတ်ခေါ်လိုပါတယ်။   ကျောင်းမဖွင့်မီမှာ ကျောင်းတွေအားလုံးကို ကြံ့ခိုင်မှုကောင်းမွန် စေဖို့နဲ့   ဥပဓိရုပ်ကောင်းမွန်မှုရှိအောင် ဆောင်ရွက်ထားပြီးပါပြီ။ ကလေးတွေ အားလုံးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့၊ သောက်သုံးရေတွေ၊ သန့်စင်ခန်းတွေအားလုံးကိုလည်း  အဆင်သင့်ဖြစ်ဖို့ အားလုံးဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို စိတ်ချစွာလာရောက် အပ်နှံကြပါလို့ ပြောကြားလိုပါတယ်။

Description: C:\Users\TinTunAung\Desktop\23-5-2025\23582.jpg

ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုး၊  အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်း၊ မန္တလေးတိုင်းဒေသကြီး

       ကျွန်တော်တို့ကျောင်းမှာတော့ ဇွန်လ ၂ ရက်ကနေ ကျောင်းစတင်ဖွင့်လှစ်ပြီး စာသင်ချိန်အပြည့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။   အရင်နှစ်က ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၃၀၀ ကျော် တက်ရောက်ပါတယ်။ ဒီနှစ်မှာတော့ ကျောင်းသားဟောင်းတွေလည်း    ပြန်လည်တက်ရောက်ကြမှာဖြစ်သလို ကျောင်းသားအသစ်တွေလည်း တက်ရောက်မှာဖြစ်တဲ့အတွက် မနှစ်က အရေအတွက ်ထက် ပိုမိုများသွားမှာဖြစ်ပါတယ်။   မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့်  ကျွန်တော် တို့ကျောင်း အနေနဲ့ ပျက်စီးထိခိုက်မှု နည်းပါးပါတယ်။ ဒီပျက်စီးမှုတွေကိုလည်း ပြန်လည်မွမ်းမံပြီး ဖြစ်ပါတယ်။ဒါကြောင့်   ကျောင်းနေအရွယ်ကလေးတွေ  ကျောင်းအမြန်ဆုံးအပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်။

Description: C:\Users\TinTunAung\Desktop\23-5-2025\23583.jpg

ဒေါ်နှင်းဇာဇာမွန် (ကျောင်းသားမိဘ)

       ကျွန်မရဲ့သားနဲ့သမီးကို    ကျောင်း  လာရောက်အပ်နှံပေးခြင်းဖြစ်ပါတယ်။ ကျွန်မတို့ ကလေးမိဘတွေနဲ့ ကျောင်းက  ဆရာ၊  ဆရာမတွေပူးပေါင်းပြီး   ကလေး တွေ သင်ကြားသင်ယူမှု ပိုမိုကောင်းမွန်စေဖို့ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။  ကလေးတွေအတွက်   လိုအပ်တာတွေကိုလည်း   ဆရာ၊ ဆရာမတွေနဲ့ မိသားစုသဖွယ်  ဆွေးနွေးတိုင်ပင်ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအားလုံးကိုလည်း ကျွန်မအနေနဲ့ ပညာထူးချွန်စေချင်ပါတယ်။ မိဘတိုင်းကလည်း ကိုယ့်သားသမီးတွေကို   ပညာထူးချွန်ထက်မြက်တဲ့ သူတွေဖြစ်အောင် ကျောင်းကိုကြိုးစားပြီး အပ်နှံစေချင်ပါတယ်။

Description: C:\Users\TinTunAung\Desktop\23-5-2025\23584.jpg

ကျောင်းအုပ်ဆရာကြီး  ဦးဝင်းမြင့်ဦး ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်ကောင်စီနယ်မြေ

     ကျောင်းအပ်နှံရေး    ရက်သတ္တပတ် မတိုင်ခင်ကတည်းက ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနဲ့ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိပါတယ်။ ဒီနေ့ကျောင်းစတင် အပ်နှံရေးနေ့မှာ ယခင်နှစ်က ကျောင်းသားဟောင်းတွေနဲ့  ထပ်မံလာရောက် အပ်နှံတဲ့ ကျောင်းသားတွေ   ပိုမိုများပြားတာကို တွေ့ရပါတယ်။ ကျောင်းပြောင်း  လာရောက်အပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို  အဆင်ပြေစွာ လက်ခံဆောင်ရွက်ပေးနေပါတယ်။  ကျောင်းအပ်နှံရေး အချိန်ကိုတော့ နံနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ သတ်မှတ်ထားပါတယ်။   အခမဲ့ပညာရေးဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရက အထက်တန်းနဲ့ အလယ်တန်းဆိုရင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်ချောင်း၊    ဘောပင်နှစ်ချောင်း ထောက်ပံ့ပေးပါတယ်။ မူလတန်းဆိုရင်   ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံလေးချောင်းနဲ့ ကျောင်းဝတ်စုံ ထောက်ပံ့ပေးပါတယ်။ မိဘတိုင်းက ကလေးတွေကို “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်  ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နီးစပ်ရာကျောင်းတွေမှာ  ကျောင်းအပ်နှံကြဖို့   တိုက်တွန်းချင်ပါတယ်။

Description: C:\Users\TinTunAung\Desktop\23-5-2025\23585.jpg

ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင် ။ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း၊ နေပြည်တော်ကောင်စီနယ်မြေ

      မေလ ၂၂ ရက်ကနေ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆိုပြီး ဆောင်ရွက်နေပါတယ်။ ကျောင်းတွေအားလုံး ဇွန်လ၂ ရက်မှာ စတင်သင်ကြားခြင်း လုပ်ငန်းတွေ  ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  ကျောင်းပြောင်းလာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို ကျောင်းအပ်လက်ခံဖို့ ညွှန်ကြားထားတာရှိတဲ့အတွက် ကျောင်းသားအဟောင်းရောအသစ်ရော မည်သူမဆို လာရောက်အပ်နှံလို့ရပါတယ်။  လာရောက်အပ်နှံတဲ့ကျောင်းသားတွေ အားလုံးကိုလည်း လက်ခံပေးသွား မှာဖြစ်ပါတယ်။Grade-12 စာမေးပွဲပြန်လည်ဖြေဆိုဖို့ အတွက် မေလ ၂ ရက်ကစတင်ပြီး အထက(၆)၊ အထက (၇)နဲ့အထက(၈)တို့က ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၀ ကို စခန်းသွင်းလေ့ကျင့် သင်ကြားပေးနေပါတယ်။ ဆရာ၊ ဆရာမတွေက သင်ကြားခြင်းလုပ်ငန်းတွေကို   တနင်္လာနေ့မှ စနေနေ့အထိ ဆောင်ရွက်ပါတယ်။ တနင်္ဂနွေတစ်ရက်မှာတော့   ပြန်လည်လေ့ကျင့်ခြင်းနဲ့ သုံးနာရီမေးခွန်းဖြေဆိုခြင်းတွေကိုဆောင်ရွက်ပါတယ်။ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်အတွက် အထက်တန်းပြဆရာ၊ ဆရာမတွေက အလှည့်ကျစနစ်နဲ့ သင်ကြားပို့ချပေးလျက်ရှိပါတယ်။      နိုင်ငံတော် အစိုးရက ကျောင်းသား၊ ကျောင်းသူတွေရဲ့ စားရေးနဲ့ နေထိုင်ရေးကိစ္စတွေ အားလုံးကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ ဇွန်လ ၂၁ ရက် စာမေးပွဲနောက်ဆုံးနေ့အထိ စခန်းသွင်း လေ့ကျင့်သင်ကြား ပေးသွားမှာဖြစ်ပါတယ်။

Description: C:\Users\TinTunAung\Desktop\23-5-2025\23586.jpg

ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေ ၊  အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း ၊ နေပြည်တော် ကောင်စီနယ်မြေ

       ကျောင်းအပ်နှံရေး  ရက်သတ္တပတ်အဖြစ်  စတင်သတ်မှတ်လိုက်တဲ့ အချိန်မှာပဲ ကျောင်းဧရိယာ သန့်ရှင်းသာယာလှပစေရေးနဲ့    ကျောင်းဥပဓိရုပ် ကောင်းမွန် စေရေးတို့အတွက် ကျောင်းဝင်းကျောင်းပြင် သန့်ရှင်းရေးကို ဆောင်ရွက်ထားပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ခုံနဲ့ စာသင်ခန်း အဆင်ပြေစေဖို့အတွက်လည်း ဆောင်ရွက်နေပါတယ်။ ကျောင်းအပ်နှံရေး အချိန်ကိုတော့ မိဘတွေက ရုံးဝန်ထမ်းတွေဖြစ်တဲ့အတွက်  နံနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီရက်သတ္တပတ်အတွင်း   ကျောင်းအပ် နောက်ကျခဲ့လည်း  လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံဖို့အတွက် ကျောင်းသားဦးရေ ကန့်သတ်တာမျိုးမရှိဘဲ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေ အဆင်ပြေမယ်ဆိုရင်   လာအပ်သမျှကို လက်ခံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းဖွင့်ရက်မှာ ကျောင်းသား၊ ကျောင်းသူတွေ စာသင်ခန်းထဲ စာသင်ကြားနိုင်ရေး ဦးတည်ချက်ဖြစ်တဲ့ အတွက် ကျောင်းသားအသစ်တွေအတွက်  ကျောင်းပြောင်းလက်မှတ် အခက်အခဲဖြစ်ခဲ့ရင်လည်း    အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းပေးသွားမှာဖြစ်ပါတယ်။

Description: C:\Users\TinTunAung\Desktop\23-5-2025\23587.jpg

ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်း၊   အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း ၊ နေပြည်တော် ကောင်စီနယ်မြေ

       မေလ ၂၂ ရက်ကနေ ဇွန်လ ၁ ရက်အထိ ပိတ်ရက်မရှိ နံနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပေးနေပါပြီ။ ကျောင်းသားအဟောင်းရော ကျောင်းသား အသစ်ရော ပထမဆုံးရက်မှာ အများအပြား လာရောက်အပ်နှံနေကြတာကို တွေ့ရပါတယ်။  ကျောင်းသားဦးရေ ကန့်သတ်ထားတာမျိုး မရှိဘဲ ဝင်ဆံ့အင်အားအထိ  လက်ခံသွားမှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့  ပညာရေးကို စဉ်ဆက်မပြတ် သင်ယူသွားမှသာလျှင် အနာဂတ် တိုင်းပြည်အတွက် အားသစ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအားလုံးဟာ မည်သည့် အခက်အခဲရှိနေပါစေ ကျောင်းတက်ကြပါ။ ကျောင်းပညာကို စဉ်ဆက်မပြတ် လေ့လာ သင်ယူကြပါလို့ တိုက်တွန်းလိုပါတယ်။