“ငလျင်ဘေးအလွန်  မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ”ပထမရက်အဖြစ် မေလ ၃၀ ရက်တွင် ကျင်းပရာ ဦးဆောင် ဆွေးနွေးကြသူများနှင့် လေ့လာသူများ၏ စကားသံများ

 

ငလျင်ဘေးအလွန်  မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲပထမရက်အဖြစ် မေလ ၃၀ ရက်တွင် ကျင်းပရာ ဦးဆောင် ဆွေးနွေးကြသူများနှင့် လေ့လာသူများ၏ စကားသံများ

 

    ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေး အဖွဲ့(Myanmar Narrative Think Tank)နှင့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့က စီစဉ်ကျင်းပသည့် “ငလျင်ဘေးအလွန်  မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ”ပထမရက်အဖြစ် မေလ ၃၀ ရက်တွင် ကျင်းပရာ ဦးဆောင်ဆွေးနွေးကြသူများနှင့် လေ့လာသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-

ဦးအေးဝင်း ဥက္ကဋ္ဌပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်(UMFCCI)

       ဒီဖိုရမ်က အခုကာလမှာ အလုပ်သင့်ဆုံး ဖိုရမ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိအခြေအနေအရ ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့ လုပ်ငန်းတွေ၊ ပျက်စီးသွားတဲ့ အခြေခံအဆောက်အဦတွေ ရှိတယ်။ ဒါတွေကို အမြန်ဆုံးပြန်လည် တည်ဆောက်ဖို့ လိုနေတယ်။ တစ်ချိန်တည်းမှာပဲ ငလျင်ဒဏ်ကြောင့် တိုက်ရိုက်ထိခိုက်သွားတဲ့ ဒေသတွင်းက  လုပ်ငန်းတွေ၊  သွယ်ဝိုက်ထိခိုက် သွားရတဲ့လုပ်ငန်းတွေ၊ အခြေခံ အဆောက်အဦတွေအားလုံးကို  အခုအချိန်မှာ ပြန်လည်နာလန်ထူဖို့ မဖြစ်မနေ လုပ်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့က ဘယ်နေရာ၊ ဘယ်ဒေသမှာ စီးပွားရေးက ဘယ်လောက်ထိခိုက် သလဲဆိုတာကို၊ ဘယ်လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်မလဲ ဆိုတာကို သေချာသိဖို့လိုတယ်။ ဒါကြောင့် ဆွေးနွေးပွဲ ကနေ  စီးပွားရေးကဏ္ဍ အသီးသီးက လုပ်ငန်းရှင်တွေ၊ ထိခိုက်ခံစားရတဲ့ လုပ်ငန်းရှင် တွေ၊ အစိုးရတာဝန်ရှိသူတွေအားလုံးက ပူးပေါင်းပြီး အဖြေရှာကြတာပဲဖြစ်ပါတယ်။

     ဒီလိုမျိုးပြန်လည် ထူထောင်ရေးအတွက်ဆိုရင် နောက်ထပ်သော ဆွေးနွေးပွဲတွေလည်း လုပ်ကြရမှာဖြစ်ပါတယ်။ လိုအပ်ချက်တွေကို ပူးပေါင်းပေးဖို့ ကုန်သည်/စက်မှု အသင်းချုပ်က  အဆင်သင့်ရှိနေပါတယ်။  လိုအပ်တဲ့ စာရင်းဇယားတွေ၊ အခြေခံအချက်အလက်တွေကို နိုင်ငံတော်က ပြုစုဆောင်ရွက်မယ်။ ကျွန်တော်တို့ ပုဂ္ဂလိကဘက်ကတော့   ကျွန်တော်တို့ ကဏ္ဍအသီးသီးရဲ့ ရှုထောင့်၊ ကျွန်တော်တို့ရဲ့အမြင်နဲ့    ဘယ်ကဏ္ဍကတော့ ဘယ်လောက်ထိခိုက်သွားတယ် ဆိုတာမျိုး၊ ဘယ်အရာကို အရင်ဆုံးပြန်လည် ကုစားမလဲဆိုတာမျိုးကို ကျွန်တော်တို့ဘက်ကနေ ဆွေးနွေးအကြံပြုသွားမှာဖြစ်ပါတယ်။

အခုအချိန်မှာ ကျွန်တော်တို့က အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းမှုက အရင်အချိန်ထက်ပို အရေးကြီးပါတယ်။ကမ္ဘာမှာလည်း လက်ရှိမှာပထဝီနိုင်ငံရေးပြောပြော၊ ပထဝီစီးပွားရေးပြောပြော ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့လည်း ကြုံနေရတယ်။ ပိုဆိုးတာက ကျွန်တော်တို့က  သဘာဝဘေးကိုပါ  ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရတယ်။ ဒါကြောင့် အများကြီးကျော်ဖြတ်ကြရမယ်။ ဒါကို အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ သုံးဖက်စလုံးက ပူးပေါင်းအဖြေရှာပြီး ဆောင်ရွက်ရမယ်။ မြေပြင်မှာ အမှန်တကယ် အသုံးပြုလို့ရမယ့်၊  လက်တွေ့ကျမယ့် အချက်တွေကို ဆွေးနွေးပေးကြဖို့လိုတယ်။ ဒီဖိုရမ်က စီးပွားရေးပြန်နာလန်ထူနိုင်ဖို့ ဖြစ်သင့်တဲ့အစီအမံတွေ   ချမှတ်နိုင်ဖို့ ဆွေးနွေးဖော်ထုတ်ကြဖို့ အားလုံးကိုလည်း တိုက်တွန်းပါတယ်။ ပျက်စီးထိခိုက်မှုတွေ မှာ သိရှိရသလောက် ရိုးရာရက်ကန်းလို အထည်လုပ်ငန်းတွေ အများကြီး ထိခိုက်တာ တွေ့ရတယ်။ ကျွန်တော်တို့ ပြန်လည်ကုစားတဲ့ နေရာမှာ ပုဂ္ဂလိက ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်ဖို့လိုအပ်တယ်။ အဲဒီအတွက် မူဝါဒပိုင်းတွေ  ပြောင်းလဲချမှတ်ပေးဖို့ လိုအပ်သလို ပုဂ္ဂလိကကလည်း ပူးပေါင်းပေးကြဖို့တိုက်တွန်းပါတယ်။

Description: C:\Users\TinTunAung\Desktop\31-5-2025\31592.jpg

ဦးရဲမင်းအောင် မြန်မာနိုင်ငံဆန်စပါးအသင်းဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ

       ဒီကနေ့ဆွေးနွေးပွဲမှာ မျိုး၊ မြေဩဇာ လိုအပ်ချက်တွေက မွေးမြူရေးမှာလည်း လိုတယ်၊ စိုက်ပျိုးရေးမှာလည်း လိုတယ်ဆိုတဲ့ အကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ဆေးဝါးတွေလိုသလို  မွေးမြူရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေလည်းလိုတယ်။ အဓိကကတော့ ငလျင်ဘေးဒဏ်ထိခိုက်မှုတွေကို စနစ်တကျစာရင်း ပြုစုပြီး တင်ပြဖို့လိုပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် လိုအပ်ချက်တွေကို တစ်ဦးတစ်ယောက်ချင်းတော့ စုရတာခက်မယ်။ အစုအဖွဲ့လေး အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းက အရေးကြီးသလို ပုဂ္ဂလိကကဏ္ဍအတွင်းမှာလည်း ပူးပေါင်းဆောင်ရွက်လို့ရတဲ့ အနေအထားတွေရှိတယ်။ ပုဂ္ဂလိကအချင်းချင်းပူးပေါင်းဆောင်ရွက်လို့ရတဲ့ အပိုင်းလေးတွေလည်း ရှိပါတယ်။

ချေးငွေပိုင်းဆိုင်ရာမှာ ကာလတို၊ ကာလလတ်ချေးငွေတွေရှိသလို နှစ်ရှည်ချေးငွေတွေလည်း ရှိတယ်။ ချေးငွေဆိုတဲ့နေရာမှာ အရင်းအနှီးအတွက်   ချေးငွေလေးတွေ ဆောင်ရွက်ပြီး လုပ်ဖို့လိုပါတယ်။ ဒီနေ့ဆွေးနွေးပွဲရဲ့ သုံးသပ်ဖော်ထုတ်ချက်တွေနဲ့ မနက်ဖြန်မှာလည်း သုံးသပ်ဖော်ထုတ်ချက်တွေ လုပ်မှာဖြစ်တဲ့အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်တဲ့အခါမှာ အရေးကြီးဆုံးအချက်က လွယ်ကူလျင်မြန်ဖို့လိုသလို ထိရောက်ဖို့လည်းလိုပါတယ်။ အစိုးရဘက်ကလည်း  ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ရှိတယ်။ အဆင့်တွေများရင် လျှော့ပစ်ရမယ်။ ပုဂ္ဂလိကအပိုင်းမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမှရမယ်။ ဘာပဲဖြစ်ဖြစ် ပထမဆုံး ဒီလိုလုပ်တာဖြစ်တဲ့အတွက် အကျိုးရှိတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ သုံးသပ်ဖော်ထုတ်ချက်တွေ အပေါ်မှာ ဆက်လုပ်သွားဖို့လိုပါတယ်။

Description: C:\Users\TinTunAung\Desktop\31-5-2025\31593.jpg

ဒေါက်တာခင်မောင်လွင် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့

       ဒီနေ့မှာတော့ ငလျင်ဘေးအလွန် စီးပွားရေးကဏ္ဍ ဘယ်လိုရပ်တည်မလဲ၊ ဘယ်လိုထူထောင်ကြမလဲ၊ ဘယ်လိုရုန်းထွက်ကြမလဲ။ ငလျင်ကြောင့် အဆောက်အအုံတွေပြိုကျတယ်၊ လူတွေကိုကယ်တင်ခဲ့ရတယ်။ စီးပွားရေးက ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်သွားသလဲဆိုတာ သိစေချင်တယ်။  အစိုးရကလည်း  သိဖို့လိုသလို အချင်းချင်းလည်းသိဖို့လိုတယ်။ဒီနေ့ဆွေးနွေးပွဲမှာဆိုရင် လယ်ယာ၊ သားငါးလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေ ဘယ်လိုဖြစ်သွားကြသလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်။ အဓိကကတော့ အားလုံးက အဖြစ်အပျက်တွေကို တင်ပြတယ်။ ဒီအဖြစ်အပျက်တွေမှာ ပြုပြင်သင့်တဲ့အကြောင်း အရာတွေကို တင်ပြတယ်။ ဒီလိုဝိုင်းဝန်းဆွေးနွေးတဲ့အခါကျတော့ တော်တော်လေး ခြေခြေမြစ်မြစ်ရှိတယ်။ ဆွေးနွေးတဲ့သူတွေရော၊ လေ့လာသူတွေရော ကျေနပ်တယ်။ ဖြစ်ပျက်နေတာတွေကို စီးပွားရေးလုပ်ငန်းရှင်တွေလည်း သိရမယ်။ နိုင်ငံတော်အကြီး အကဲတွေလည်း သိရမယ်။ ဒီလိုသိနိုင်မှလည်း မှန်ကန်ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးနိုင်မယ်။

ပြီးတော့ ဆွေးနွေးမှုက ပေးလိုက်တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး နိုင်ငံတော်အနေနဲ့ရော၊   စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ရော ဘယ်လိုပြုပြင် ပြောင်းလဲပြီးတော့ တည်ဆောက်မလဲ။    ဆောက်လုပ်ရေးလုပ်ငန်းမှာ ကျင့်ဝတ်ရှိတယ်။   ပြီးတော့  ကုန်ပစ္စည်းတွေရဲ့  မှန်ကန်မှု၊   အာမခံနိုင်မှုတွေကလည်း  ပြဿနာရှိတယ်။  ဒီနေ့ပဲငလျင်လှုပ်တယ်၊  နောက်နေ့  ဘိလပ်မြေဈေးတက်တယ်။ ဒါကမဖြစ်သင့်ဘူး။ ပစ္စည်းတွေကိုတော့ ကိုင်ထားပြီးတော့ ခေတ်ပျက်သူဌေး လုပ်ချင်တဲ့သူတွေလည်းရှိတယ်။  တာဝန်ယူမှု၊      တာဝန်ခံမှုအပိုင်းက စီးပွားရေးလုပ်ငန်းရှင်တွေရော၊  နိုင်ငံတော်က  ပံ့ပိုးနေတဲ့ သူတွေရော   တကယ်အောက်ခြေက လူတွေရော ဝိုင်းပြီးလုပ်ဖို့လိုတယ်။ အခုလောလောဆယ်မှာ     ရပ်တန့်နေတဲ့ အလုပ်အကိုင်တွေကို ပြန်လည်လည်ပတ်နိုင်အောင် နှစ်တိုနှစ်ရှည်ငွေချေး အစီအစဉ်မျိုးတွေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ပိုမိုကောင်းမွန်သွားမှာပါ။

Description: C:\Users\TinTunAung\Desktop\31-5-2025\31594.jpg

ဒေါ်မာလာညွန့် မြန်မာနိုင်ငံ အာမခံအသင်း ဒုတိယဥက္ကဋ္ဌ

       ကျွန်မတို့က အာမခံအသင်းဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာမခံလုပ်ငန်းတွေ၊ ကုမ္ပဏီတွေရှိတယ်။ သူတို့ကိုယ်စား အာမခံ ရှုထောင့်ကနေပြီး ငလျင်ကြီးပြီးတဲ့နောက် ပိုင်းမှာ  ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲ၊ ဘယ်လိုအခွင့်အလမ်းတွေရှိမလဲဆိုတာကို ဆွေးနွေးခွင့်ရပါတယ်။ ကျွန်မတို့လုပ်ငန်း က လူတွေရဲ့အသက်၊ အိုးအိမ် ၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတဲ့အခါ ပြန်လည် ကုစားဖို့၊  ပြန်လည်ထူထောင်ဖို့  ငွေရေးကြေးရေး အထောက်အပံ့ပေးတဲ့ လုပ်ငန်း မျိုးဖြစ်ပါတယ်။ ဒီဟာကလည်း နိုင်ငံတော် ကနေ မြန်မာနိုင်ငံရဲ့စီးပွားရေး ပြန်လည်ကုစားဖို့ အစီအစဉ်ဖြစ်တာကြောင့် အများကြီး စိတ်ဝင်စားပါတယ်။

ကျွန်မတို့အာမခံလုပ်ငန်းက သဘာဝ ဘေးအန္တရာယ်နဲ့ဆက်စပ်နေတော့ ကျွန်မ  တို့အတွက်  အကျိုးရှိတဲ့  အကြံဉာဏ် ကောင်းတွေလည်း ဒီသုံးသပ်ဆွေးနွေးပွဲ ကနေရရှိမယ်လို့ ယုံကြည်ပါတယ်။ သဘာဝ ဘေးအပါအဝင် လူတို့ရဲ့ အသက်နဲ့အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးမှုနဲ့ ကြုံတဲ့အခါ အာမခံသာ ထားရှိခဲ့မယ်ဆိုရင် အထိုက် အလျောက်ခံသာနိုင်တယ်ဆိုတဲ့ အသိပညာကိုလည်း ဆွေးနွေးပွဲကနေတစ်ဆင့် လုပ်ငန်း ရှင်တွေကို အသိပညာပေးနိုင်ခဲ့ပါတယ်။ အာမခံလုပ်ငန်းကဏ္ဍမှာ ငလျင်ကြီးကြောင့် အာမခံလုပ်ငန်းတွေလည်း အာမခံငွေထုတ် ပေးခဲ့ကြရတယ်။ ငလျင်ဆိုတာ ဖြစ်တောင့် ဖြစ်ခဲ သဘာဝဘေးအန္တရာယ်ဆိုတဲ့ အတွက် ကျွန်မတို့ကလည်း နှုန်းထားချိုချိုသာသာနဲ့ အာမခံရောင်းချခဲ့တာဖြစ်တော့ အာမခံ ကုမ္ပဏီထောင်ခဲ့တဲ့  ၁၀  နှစ်သက်တမ်း မှာ ယူထားတဲ့ အာမခံပရီမီယံကြေးနဲ့ တွက်ရင် ကိုယ်လျော်ရမယ့် ငွေကြေးက များပြားတာတော့ ရှိပါတယ်။ နိုင်ငံတကာ မှာတော့ ငလျင်ကို  မီးအာမခံနဲ့ တွဲဖက် ရောင်းတာမျိုးမဟုတ်ဘဲ သီးသန့်ရောင်းချ ကြတာမျိုးရှိပါတယ်။ နောက်ပိုင်းမှာ အဲဒီလို အစီအစဉ်တွေလည်း စဉ်းစားနေကြပါတယ်။ အာမခံလုပ်ငန်းဆိုတာ  လုပ်ငန်းသဘာဝ အရ လျော်နိုင်မယ့် အင်အားလည်း ရှိဖို့ ပြင်ဆင်ထားကြရတာကြောင့် လုပ်ငန်း ပြိုလဲသွားတဲ့အထိ ဖြစ်စဉ်မျိုးတော့မဖြစ် ခဲ့ပါဘူး။ ငလျင်ဒဏ်ခံရပြီးနောက်ပိုင်း ကျွန်မတို့ ပုဂ္ဂလိကအာမခံလုပ်ငန်းတွေ က ပြည်သူတွေယုံကြည်မှုကိုလည်း တည်ဆောက်ရတာကြောင့် ဈေးနှုန်းမြင့်တက်ဖို့ကိုလည်း လက်ရှိမှာလုပ်ဆောင်ဖို့ ခက်ခဲ ပါတယ်။ ဒီလိုငလျင်မျိုးသာ ခပ်စိပ်စိပ်လှုပ်ခဲ့  မယ်ဆိုရင်နောက်ပိုင်းမှာ တစ်နိုင်တစ်ပိုင် လုပ်ငန်းထက် တစ်ဆင့်ခံ အာမခံဆိုတာမျိုး ကို ထားရှိဖို့ လိုအပ်လာမယ်လို့ ထင်ပါတယ်။

Description: C:\Users\TinTunAung\Desktop\31-5-2025\31595.jpg

Mr Sanjay A K Tripathi IRCON INTERNATIONAL LIMITED MYANMAR

      ငလျင်ဘေးအလွန် စီးပွားရေးပြန်လည် ကုစားရေးနဲ့ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ရာမှာ ပျက်စီးသွားတဲ့အဆောက် အအုံတွေအတွက် ဘဏ်ချေးငွေ အတိုးနှုန်း သက်သာတဲ့ အစီအစဉ်မျိုးနဲ့ နှစ်ရှည်အစီအစဉ်မျိုး ပေးအပ်နိုင်ဖို့လိုပါတယ်။ နောက် တစ်ခုက ပြန်လည်တည်ဆောက်ရေးတွေ မှာ မိမိနေအိမ်ကို ချေးငွေစနစ်နဲ့ မိမိကိုယ် တိုင်ဆောက်မလား၊ နိုင်ငံတော်အစီအမံနဲ့ နှစ်ရှည်ချေးငွေစနစ်နဲ့ လုပ်ဆောင်မလား စတဲ့နည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် အိမ်ဆောက်ပစ္စည်း တွေက မြန်မာနိုင်ငံနဲ့ယှဉ်ရင် ဈေးသက်သာတယ်။

အိမ်ခြံမြေဆိုင်ရာ  အဆောက်အအုံ အများစုက ငလျင်လှုပ်ပြီးနောက်  ပြိုကျတဲ့ အဆောက်အအုံတွေကို ပြန်လည်တည် ဆောက်ရေးအတွက် ဆောက်လုပ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ပြန်လည် ထူထောင်ရေးလုပ်ငန်းက  တော်တော် မြန်ဆန်လာပါလိမ့်မယ်။ အရေးအကြီးဆုံး က ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုရှိနေဖို့ပါ။ ဘဏ်တွေက လည်း တောင်းဆိုသူတွေအတွက် လိုအပ် တဲ့ ငွေထုတ်ပေးဖို့ စနစ်တကျလုပ်ဆောင်ဖို့ လိုအပ်တယ်။ အစိုးရကလည်း ပံ့ပိုးမယ်၊ ပုဂ္ဂလိကကဏ္ဍကလည်း လိုက်ပါမယ်၊ ပြည်သူကလည်း  ပူးပေါင်းမယ်ဆိုရင် အမြန်ဆုံးအောင်မြင်လာမှာပါ။

Description: C:\Users\TinTunAung\Desktop\31-5-2025\31596.jpg

ဦးအောင်နိုင်ဦး ပြည်ထောင်စုဝန်ကြီး(ငြိမ်း)

      ဒီနေ့ဆွေးနွေးပွဲမှာ နိုင်ငံတော်ဝန်ကြီးချုပ် ကလည်း အပိုင်းနှစ်ပိုင်း ပြောသွားတယ်။ ပထမပိုင်းက မူဝါဒပိုင်းဆိုင်ရာ၊ ဒုတိယပိုင်းက သုံးသပ်ချက်နဲ့ လိုလားချက်တွေကို ပြောသွားတယ်။ အဲဒါဟာ ဖိုရမ်တစ်လုံးရဲ့ လမ်းညွန်သဖွယ်ပဲဖြစ်ပါတယ်။ ဦးဆုံး သုံးသပ်ဆွေးနွေးမှုမှာ ပုဂ္ဂလိကက အဖွဲ့တွေ က တိုတိုရှင်းရှင်းနဲ့ ဆွေးနွေးသွားတာတွေ ရတယ်။ အထူးသဖြင့် ငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့  အကြောင်းအရာတွေ ဆွေးနွေးသွားတယ်။ တော်တော်လေး ပြည့်စုံတယ်။ အခုဆွေးနွေးလို့ပြီးတဲ့အချိန် အထိ ဖော်ထုတ်ချက်တွေ အများကြီးထွက် လာနိုင်တဲ့ ဖိုရမ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ ကျွန်တော်က စီးပွားရေး ပြန်လည်ကုစားမှုအပိုင်းမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ငလျင်အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေးကို အထူးသဖြင့် အစိုးရဘက်က လုပ်ပေးရမှာလည်း ရှိတယ်။ ပုဂ္ဂလိကအပိုင်းကတည်း လုပ်ပေးရမှာရှိ တယ်။ တချို့ကဏ္ဍတွေက အစိုးရရော၊  ပုဂ္ဂလိကရော  ပူးပေါင်းပြီးလုပ်ရမယ်။ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် ငလျင်အလွန်စီးပွားရေး ပြန်လည်ထူထောင်မှုက  ပိုကောင်းပြီး  အရှိန်မြန်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။

အဓိကကတော့ ငလျင်ကို ပြန်လည် ကုစားရတာ ဖြစ်တဲ့အတွက် သမားရိုးကျ လုပ်နည်းကိုင်နည်းနဲ့တော့ လုပ်လို့မရဘူး။ အစိုးရဘက်က ပြောင်းလဲသင့်တာတွေကို လည်း ပြုပြင်ပြောင်းလဲပေးရမယ်။ ပုဂ္ဂလိက အပိုင်းကလည်း ပါဝင်ဆောင်ရွက်ရမယ့် ကိစ္စတွေရှိရင်လည်း ပါဝင်ဆောင်ရွက်ရ မယ်။ ခြုံပြောရမယ်ဆိုရင်တော့ သမားရိုးကျ လုပ်ရိုးလုပ်စဉ်နဲ့တော့ သွားလို့မရဘူး။ ပြောင်းသင့်တာပြောင်းပြီး ပြင်သင့်တာ တွေပြင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ဒီဖိုရမ်ကို လုပ်လိုက်တာဖြစ်ပါတယ်။ ဒီနေ့တစ်ရက်တာ ဆွေးနွေးချက်တွေကို နောက်ရက်မှာ ပြန်လည်သုံးသပ်မယ့်အစီ အစဉ်တစ်ခုရှိပါတယ်။ အဲဒီအစီအစဉ်ကျရင် သက်ဆိုင်ရာ ဌာနတွေက တာဝန်ရှိသူတွေ လည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးချက်တွေကို အစိုးရဘက်က  ဘယ်လိုလုပ်မလဲ၊ ပုဂ္ဂလိကဘက်ကရော ဘယ်လိုလုပ်မလဲဆိုတာ မနက်ဖြန်နံနက် ကျရင် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး မှာ ဖြစ်ပါတယ်။ လက်တွေ့အကောင်အထည် ဖော်တဲ့အခါမှာ၊  ပြန်လည်ထူထောင်တဲ့ နေရာမှာ သဘာဝဘေးဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှု တွေရှိတယ်။ အဲဒီထဲမှာ စီးပွားရေးသက်ရောက်မှုက အဓိကကျတယ်။ စီးပွားရေး သက်ရောက်မှုကို မြန်မြန်ကုစားနိုင်ရင် ကျန်တဲ့အပိုင်းတွေကလည်း ကျွဲကူးရေပါဖြစ်လာမယ်။ ငလျင်ဘေးအလွန် ပြန်လည် ထူထောင်ရေးက အမျိုးသားရေးကိစ္စတစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့အားလုံး နဲ့ အကျုံးဝင်တာမို့ အစိုးရ၊ ပုဂ္ဂလိကနဲ့ ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်ကြရပါမယ်။

သတင်းအဖွဲ့