ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ၏ စကားသံများ

 

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ၏ စကားသံများ

 

ကျောင်းသား၊ ကျောင်းသူတွေကို ကန့်တွေသွင်းပြီး စားသောက်ရေးနေထိုင်ရေးကအစ အစစအရာရာတာဝန်ယူပြီး သင်ခန်းစာတွေကို ပြန်လည်ပို့ချပြီးတော့မှ ဒီစာမေးပွဲကို ပြန်လည်ဖြေစေတာဖြစ်ပါတယ်

 

နေပြည်တော်   ဇွန်   ၁၆

       မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးသွားသည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို  နံနက်ပိုင်းမှ စတင်၍ ကျင်းပသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။ 

အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်

       ဇမ္ဗူသီရိမြို့နယ်မှာ  ဆေးရုံစင်တာအပါအဝင်   စာစစ်ဌာန  ခြောက်ခုဖွင့်လှစ်ပါတယ်။  တက္ကသိုလ်ဝင်စာမေးပွဲမဖြေဆိုခင်မှာ     စာဖြေသူအမည်စာရင်း၊ စည်းကမ်းချက်၊ အခန်းလိုက်စာဖြေခန်း တွေမှာ တာဝန်ချထားမှုဇယားနဲ့ အချိန်ဇယားတွေကို စီစဉ်ရပါတယ်။ ဒီစာစစ်ဌာနမှာ အထက(၅)၊ အထက(၆)၊ စိုးစံကိုယ်ပိုင် အထက်တန်းကျောင်းနဲ့ အလွတ်ဖြေတို့ ဖြေဆိုကြမှာဖြစ်ပါတယ်။    ဒီစာစစ်ဌာနမှာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  ၃၅၄ ဦးဖြေဆိုမှာဖြစ်ပါတယ်။ တစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ ၃၀ နှုန်းဖြေဆိုမှာဖြစ်ပြီး စာဖြေခန်း စုစုပေါင်း ၁၃ ခန်းဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ဖို့အခန်းနဲ့ အရန်အခန်းတွေလည်း ထားရှိပါတယ်။ အခုဖြေဆိုမယ့်ဦးရေနဲ့ မတ်လမှာ ဖြေဆိုခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ အပြောင်းအလဲရှိပါတယ်။  အကြောင်းအမျိုးမျိုးကြောင့် လာရောက် မဖြေဆိုနိုင်တာဖြစ်ပါတယ်။   အဲဒီကျောင်းသား၊ ကျောင်းသူတွေကို အခြေခံပညာအထက်တန်း အောင်မြင်ပြီးစီးကြောင်း လက်မှတ် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစာစစ်ဌာနကနေ တခြားစာစစ်ဌာနကို ရွှေ့ပြောင်းဖြေဆိုတဲ့   ကျောင်းသားတစ်ဦးရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံး သာတူညီမျှဖြစ်စေဖို့နဲ့ စစ်မှန်ပြီး အရည်အချင်းရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အခွင့်အရေးကို မဆုံးရှုံး စေချင်လို့ အခုစာမေးပွဲကြီးကို ပြန်လည် ကျင်းပပေးတာဖြစ်ပါတယ်။

Description: C:\Users\TinTunAung\Desktop\17-6-2025\176122.jpg

အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း  ကျောင်းအုပ်ဆရာကြီး  ဦးဝင်းမြင့်ဦး

        ဒီစာစစ်ဌာနမှာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်း

သူ ၃၃၉  ဦးရှိပါတယ်။  အခုလိုစာမေးပွဲ ပြန်လည်ဖြေဆိုတာကတော့ သဘာဝဘေး အန္တရာယ်ကြောင့် အဖြေလွှာတွေ ပျက်စီးဆုံးရှုံးသွားတဲ့  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံး ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ ဒီစာစစ်ဌာနမှာတော့ အထက(၇)၊ (၈)၊ (၉)၊ (၁၀)၊ (၁၁)နဲ့ အလွတ်ဖြေတို့ လာရောက်ဖြေဆိုကြတာဖြစ်ပါတယ်။ စာဖြေခန်း ၁၂ ခန်း၊ အရန်တစ်ခန်းနဲ့ စုစုပေါင်း ၁၃ ခန်းရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးခန်းတစ်ခန်းလည်း  ထားရှိပါတယ်။ စာဖြေခန်းတစ်ခန်းမှာ ကျောင်းသား၊ ကျောင်းသူဦးရေ ၃၀ ဖြေဆိုမှာဖြစ်ပါတယ်။  တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ကတ်တွေကိုလည်း ဇွန်လ ၁ ရက်က စတင်ထုတ်ပေးခဲ့ပါတယ်။  ဖြေဆိုချိန်ကတော့ နံနက် ၉ နာရီကနေ  မွန်းတည့် ၁၂ နာရီ အထိ   ဖြေဆိုရမှာဖြစ်ပါတယ်။   ဒီနေ့တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆို ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ နောက်ထပ်ဖြေဆိုမယ့် ဘာသာရပ်တွေ ကိုလည်း လာရောက် ဖြေဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ချို

        ကျောင်းသား၊ ကျောင်းသူတွေအားလုံး အေးချမ်းပျော်ရွှင်စွာ  စာမေးပွဲဖြေဆိုနေ ကြပါပြီ။  စာမေးပွဲဖြေဆိုရာမှာလိုအပ်တဲ့ ကျောင်းသုံး စာရေးကိရိယာတွေကိုလည်း သက်ဆိုင်ရာစာစစ်ဌာနတွေမှာ အဆင်သင့် ဆောင်ရွက်ပေးထားပါတယ်။ နောက်ပြီး စာစစ်ဌာနတွေမှာလည်း လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနဲ့ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ဖို့ကိုလည်း လိုက်လံစစ်ဆေး ဆောင်ရွက် ပေးထားပါတယ်။ အခုစာမေးပွဲ ပြန်ဖြေရတာကတော့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒုတိယ အခွင့်အရေးပဲဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ လာတော့မှာဖြစ်တဲ့အတွက် ကြိုးစားဖြေဆိုကြဖို့ တိုက်တွန်းလိုပါတယ်။

ကျောင်းသားမိဘတစ်ဦး

      အဖြေလွှာတွေ မီးလောင်ပြီဆိုကတည်းက စာမေးပွဲပြန်လည်ဖြေဆို ရနိုင်တယ်ဆိုတာ တွေးမိထားပါတယ်။ ဒါကြောင့် လိုအပ်တဲ့ စာအုပ်တွေ ပြန်လည်ရှာဖွေပြီးသားကို စာတွေသေချာ ပြန်လုပ်ခိုင်းထားခဲ့ပါတယ်။   ကလေးကလည်း  ခြောက်ဘာသာဂုဏ်ထူး မှန်းထားခဲ့ပါတယ်။ အရင်စာမေးပွဲမှာက  အင်္ဂလိပ်စာဂုဏ်ထူးမှတ်မရနိုင်ဘူးလို့ ပြောပါတယ်။ အခုလို ပြန်ဖြေရမယ်ဆိုတော့ သားက တော်တော်ကို ပျော်နေပါတယ်။ နောက်ပြီး  ဒီတစ်ခေါက်ပြန်ဖြေရတာ ဒုတိယအကြိမ် အခွင့်အရေး ဖြစ်တဲ့အတွက် သေချာကြိုးစားဖို့လည်း မှာထားပါတယ်။

အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းစာ‌စစ်ဌာန၌  တက္ကသိုလ်ဝင် စာမေးပွဲပြန်လည် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူတစ်ဦး

      စာမေးပွဲကို ဒုတိယ အကြိမ်ဝင်ရောက်ဖြေဆိုရတယ်ဆိုပေမယ့်  အကောင်းဆုံး ဖြေဆိုနိုင်အောင်  ကြိုးစားထားပါတယ်။   ပထမအကြိမ်ကထက်   စာတွေပိုလုပ်ထားပြီး ဂုဏ်ထူးတွေ ထွက်အောင်လည်း ရည်မှန်းထားပါတယ်။ အိမ်က အဖေနဲ့ အမေကလည်း အများကြီး သမီးကို ပံ့ပိုးပေးပါတယ်။  ဆရာ၊  ဆရာမတွေကလည်း သမီးတို့ကို စာမေးပွဲအကောင်းဆုံးဖြေဆိုနိုင်ဖို့အတွက်  လိုအပ်တာတွေကို သင်ကြားပေးပါတယ်။ သမီးရဲ့သူငယ်ချင်းတွေ အားလုံးလည်း  စာမေးပွဲပြန်လည် ဖြေဆိုကြပါတယ်။ အခုလို ဒုတိယအကြိမ် စာမေးပွဲဖြေဆိုရတဲ့အပေါ်မှာ တချို့ကျောင်းသား၊ ကျောင်းသူတွေက စိတ်ဓာတ်ကျ တာတွေ ရှိကြပါတယ်။ ဒီလိုစိတ်ဓာတ်ကျတာတွေ မဖြစ်ဘဲနဲ့ အကောင်းဆုံးကြိုးစား ဖြေကြပါ။ မိဘတွေအနေနဲ့လည်း  သမီးတို့ကို  တစ်နှစ်ပတ်လုံး  ပံ့ပိုးပေးထားတာဖြစ်တဲ့အတွက် ပင်ပန်းကြပါတယ်။ ဒါကြောင့် သမီးတို့အနေနဲ့ စာမေးပွဲအကောင်းဆုံးဖြေဆိုနိုင်ဖို့ တတ်နိုင်သမျှကြိုးစားသွားမှာပါ။

Description: C:\Users\TinTunAung\Desktop\17-6-2025\176123.jpg

ဒေါက်တာကျော်လွင် (နေပြည်တော်ပညာရေးမှူး)

      ကျွန်တော်တို့ ပြည်ထောင်စုနယ်မြေ  နေပြည်တော်မှာ ပြီးခဲ့တဲ့မတ်လမှာ ကျင်းပ ခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ၁၂၉၂၆ ဦး  စာရင်းရှိဖြေဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဖြေ ဆိုတဲ့နေရာမှာ ခြောက်ဘာသာနောက်ဆုံး အထိ ၁၂၅၃၁ ဦး၊ အခုဇွန်လစာရင်းရှိ အနေဖြင့် ၁၂၅၃၁ ဦးမှာ ၇၉ ဦးပဲ ကတ်မထုတ်ဘဲဖြေဆိုဖို့ ပျက်ကွက်တာဖြစ်ပါတယ်။ ၁၂၄၅၂ ဦး ကတ်ထုတ်စာရင်းရှိ ရှိပါတယ်။ ဒီနေ့တကယ်ဖြေတဲ့နေ့မှာတော့   အခု ကျွန်တော်တို့လှည့်လည် စစ်ဆေးရောက်ရှိခဲ့တဲ့ အနေအထားမှာ ငါးယောက်ပျက်တဲ့ စင်တာရှိတယ်။ ကိုးယောက်ပျက်တဲ့စင်တာ ရှိတယ်။ နေပြည်တော် ရှစ်မြို့နယ် စာစစ် ဌာန ၄၇ ခုလုံးက စာရင်းချုပ်တော့ မချုပ်နိုင်သေးဘူး။ စာရင်းအတိအကျ မရသေး ဘူးပေါ့နော်။ နေပြည်တော်မှာ ဒီနေ့ကတ်ထုတ်တဲ့ ရာခိုင်နှုန်းကိုပြောရမယ် ဆိုရင် ၉၉ ဒသမ ၃၇ ရာခိုင်နှုန်း ကတ်ထုတ်ပါတယ်။ ရာနှုန်းပြည့်နီးပါး စာမေးပွဲဖြေဆိုကြလို့  အောင်မြင်တဲ့စာမေးပွဲဖြစ်တယ်လို့ ပြောလို့ရပါတယ်။   ယခုဖြေဆိုကြတဲ့  တက္ကသိုလ်ဝင်စာမေးပွဲဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒုတိယအခွင့်အရေး ဖြစ်ပါတယ်။ ယခင်က ဂုဏ်ထူးနည်းနည်း ထွက်မည့်ကျောင်းသားများဟာ ဂုဏ်ထူး များများ ထွက်အောင်ကြိုးစားနိုင်တယ်။ ယခင်စာမေးပွဲမှာတုန်းက မအောင်မြင်လောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက အောင်မြင်အောင် ကြိုးစားနိုင်တယ်။ အမှတ်နည်းနည်း ရတဲ့သူတွေက အမှတ်များများ ရအောင် ကြိုးစားနိုင်တဲ့ စာမေးပွဲဖြစ်တဲ့အတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အတွက်ရော၊ သူတို့ရဲ့မိဘတွေအတွက်ရော အခွင့်အလမ်း ပိုပြီးတော့ ရတယ်လို့ပဲ ကျွန်တော့်အနေနဲ့ပြောလိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း အဲဒီလိုပဲခံယူပြီး ကြိုးစားနေတယ်လို့မြင်မိပါတယ်။ နိုင်ငံတော်ကလည်း နိုင်ငံတော်အကြီးအကဲ  အစီအစဉ်နဲ့ တိုင်းဒေသကြီး/ပြည်နယ် တွေရဲ့အစီအစဉ်နဲ့ ကျွန်တော်တို့ နေပြည်  တော်ကောင်စီရဲ့အစီအစဉ်နဲ့ ကျောင်း သား၊ ကျောင်းသူတွေကို ကန့်တွေသွင်းပြီး စားသောက်ရေးနေထိုင်ရေးကအစ အစစ အရာရာ တာဝန်ယူပြီး သင်ခန်းစာတွေကို ပြန်လည်ပို့ချပြီးတော့မှ  ဒီစာမေးပွဲကို ပြန်လည်ဖြေစေတာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား၊  ကျောင်းသူတွေလည်း ရွှင်လန်းတက်ကြွစွာနဲ့ လာရောက်ပြီးဖြေဆိုကြတာကို  ကျွန်တော်တို့တွေ့ရပါတယ်။ နောက်နေ့ဘာသာတွေကိုလည်း ဆက်လက်  ဖြေဆိုကြဖို့ပဲ  ကျွန်တော့်အနေနဲ့တိုက် တွန်းလိုပါတယ်။

ဦးမောင်တူး (ရွာတော်ကျေးရွာအုပ်ချုပ် ရေးမှူး၊ အထက(၃)ကျောင်းကော်မတီဝင်)

       ပြီးခဲ့တဲ့မတ်လမှာကျင်းပခဲ့တဲ့ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပခဲ့တဲ့ ဖြေလွှာတွေက သဘာဝဘေး အန္တရာယ်ကြောင့်  ပျက်စီးခဲ့ရတဲ့အခြေ အနေကို ပြန်လည်ဖြေဆိုနိုင်အောင် နိုင်ငံတော်အကြီးအကဲနဲ့ ပညာရေးဝန် ကြီးဌာန က ညွှန်ကြားချက်တွေကို အောက်ခြေမှ ကျွန်တော်တို့အုပ်ချုပ်ရေး အဖွဲ့တွေက ကျောင်းသား၊ကျောင်းသူများ အောင်မြင်စွာ အေးအေးချမ်းချမ်းနဲ့ စာမေးပွဲ ဖြေဆိုနိုင် အောင်  မေလ ၆ ရက်နေ့ကစတင်ပြီး ကန့်တွေ သွင်းခဲ့ပါတယ်။ ကန့်စတင်ချိန်မှာ ကျောင်းသား၊ ကျောင်းသူ ၁၉၆ ယောက်ရှိ ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆရာ၊ ဆရာမကြီးတွေနဲ့ ပူးပေါင်းပြီး ယနေ့အထိ  ကျောင်းသား၊ ကျောင်းသူများ နေထိုင်စား သောက်ရေး အဆင်ပြေအောင်ဆောင်ရွက် ပေးခဲ့ရပါတယ်။ ယနေ့နံနက်  စာမေးပွဲ ဒုတိယအကြိမ်ဖြေဆိုကြရာမှာလည်း ကျွန်တော်တို့ကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့များ အနေနဲ့ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲ့တပ်ဖွဲ့ဝင်များ၊ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ကျ  ဆရာ၊   ဆရာမများနဲ့ ပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ   စာမေးပွဲဖြေဆိုနိုင်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း လန်းဆန်းတက်ကြွစွာနဲ့ လာရောက်ဖြေဆိုနေတာကို   တွေ့ရပါတယ်။

    ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ   တာဝန်ရှိသူများ၊  ကျန်းမာရေး ဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို    စနစ်တကျစီမံ ဆောင်ရွက်ထားကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ တစ်နေ့တစ်ဘာသာနှုန်းဖြင့် နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။