

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ထိန်းချုပ် ဓာတုပစ္စည်းများကုန်သွယ်မှု၊ အသုံးပြုမှုနှင့်ထိန်းသိမ်းဆောင်ရွက်မှုများ (အပိုင်း-၂)
ဆောင်းပါးရှင် - ဒေါက်တာလပြည့်ခင်
ယမန်နေ့မှအဆက်
Schedule-II တွင်ပါဝင်သော ထိန်းချုပ်ဓာတုပစ္စည်း (၈) မျိုး
(က) ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဇယား(၂)ပါ ထိန်းချုပ်ဓာတုပစ္စည်းများ-
( ၁ ) Acetone (အက်စီတုန်း): C3H6O (67-64-1)
( ၂ ) Anthranilic Acid(အင်သရာနီလစ်အက်စစ်):C7H7NO2 (118-92-3)
( ၃ ) Ethyl Ether (အီသိုင်းလ် အီသာ) : C4H10O (60-29-7)
( ၄ ) Hydrochloric Acid (ဟိုက်ဒရိုကလိုရစ်အက်စစ်):HCl (7647-01-0)
( ၅ ) Methyl Ethyl Ketone(မီသိုင်းလ်အီသိုင်းလ်ကီတုန်း): C4H8O (78-93-3)
( ၆ ) Piperidine (ပိုင်ပါရီဒင်း):C5H11N (110-89-4)
( ၇ ) Sulphuric Acid(ဆာလဖျူ ရစ်အက်စစ်) : H2SO4 (7664-93-9)
( ၈ ) Toluene (တော်လူအင်း): C7H8 (108-88-3)
Schedule-III တွင်ပါဝင်သော ထိန်းချုပ်ဓာတုပစ္စည်း (၁၀) မျိုး
မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ ထိန်းချုပ်ထားသောဓာတုပစ္စည်း (၁၀)မျိုးကို ဇယား(၃) ဖြင့် ဖော်ပြနိုင်ပါသည်-
( ၁ ) Ammonium Chloride (အမိုနီယမ်ကလိုရိုက်):NH4Cl (12125-02-9)
( ၂ ) Ammonium Nitrate(အမိုနီယမ်နိုက်ထရိတ်):NH4NO3 (6484-52-2)
( ၃ ) Caffeine (ကေဖင်း):C8H10N4O2 (58-08-2)
( ၄ ) Lead Acetate (လိဒ်အစီတိတ်) : Pb(C2H3O2)2 (1335-32-6)
( ၅ ) Methylamine/ Methylamine Hydrochloride (မီသိုင်းလမင်း/ မီသိုင်းလမင်းဟိုက်ဒရိုကလိုရိုက်) : CH3NH2(74-89-5)/ CH3NH2.HCl(593-51-1)
( ၆ ) Sodium Acetate (ဆိုဒီယမ်အစီတိတ်) : C2H3NaO2(127-09-3)
( ၇ ) Sodium Cyanide (ဆိုဒီယမ်ဆိုင်ယာနိုက်): NaCN (143-33-9)
( ၈ ) Safrole Rich Oil (ဆာဖရိုးကြွယ်ဝသော အဆီ): 8006-80-2
( ၉ ) Tartaric Acid (တာတာရစ်အက်စစ်) : C4H6O6 (87-69-4)
( ၁၀ ) Thionyl Chloride(သိုင်အိုနိုင်းလ်ကလိုရိုက်):Cl2OS (7719-09-7)
စောင့်ကြည့်သင့်သည့်ဓာတုပစ္စည်း (၆)မျိုး
၂၀၀၀ ပြည့်နှစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးညီလာခံ၏ဆုံးဖြတ်ချက်အရ စောင့်ကြည့်သင့်သည့်ဓာတုပစ္စည်း(၆)မျိုးကို ထပ်မံသတ်မှတ်ခဲ့သည်-
( ၁ ) Phosphrous Trichloride(ဖော့စဖရပ်စ်ထရိုင် ကလိုရိုက်):PCl3 (7719-12-2)
( ၂ ) Phosphrous Pentachloride(ဖော့စဖရပ်စ်ပင်တာကလိုရိုက်):PCl5(10026-13-8)
( ၃ ) Palladium and its Salts(ပလက်ဒီယမ်နှင့် ၎င်း၏ဆားများ) : Pd (P (C6H4SO3.Na)3)3.9H2O (14024-61-4)
( ၄ ) Barium Chloride(ဘေရီယမ်ကလိုရိုက်):BaCl2 (10361-37-2)
( ၅ ) Acetyl Chloride(အက်စီတိုင်းကလိုရိုက်):C2H3OCl (75-36-5)
( ၆ ) Ethyliidene Diaacetate(အီသိုင်းလ်လဒင်းဒိုင်အစီတိတ်) : C6H10O4 (542-10-9) တို့ဖြစ်သည်။
နှစ်မျိုးသုံးဓာတုပစ္စည်းများသတိထားထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်း (၄၃) မျိုးကို ထိန်းချုပ်လျက်ရှိပြီး ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေးအတွက် အဆင့်ဆင့်စစ်ဆေးကြပ်မတ်၍ ဆောင်ရွက်လျက်ရှိသည်။ ပြည်ပနိုင်ငံများမှ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးနှင့် လမ်းလွဲမရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဓာတုပစ္စည်းတင်ပို့ရောင်းချသည့် ပြည်ပနိုင်ငံများနှင့် ပို့ကုန်ကြိုတင်သတင်းပေး (Pre-Export Notification, PEN) စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများတွင် တရားဝင်ဆေးဝါးအဖြစ် ရောစပ်အသုံးပြုသော ဓာတုပစ္စည်းများဖြစ်သည့် ဆာလဖျူရစ်အက်စစ်များ၊ နာမည်တံဆိပ်မဲ့ချောင်းဆိုးပျောက်ဆေးအရည်များနှင့် အချို့ဆေးဝါးပစ္စည်းများကို စစ်ဆေးဆောင်ရွက်ရန် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ လက်အောက်ရှိ ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့၏ မှတ်တမ်းများမှတစ်ဆင့် စောင့်ကြပ်စစ်ဆေးလျက်ရှိသည်။
ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမှုမရောက်ရှိစေရေးနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်နေမှုများအား နည်းစနစ်ကျစွာ ထိန်းချုပ်နိုင်မှသာလျှင် ထုတ်လုပ်မှုများ လျော့ကျသွားမည်ဖြစ်သည်။ အချို့လုပ်ငန်းကုမ္ပဏီများသည် နိုင်ငံတကာက သတ်မှတ်ထားသော ထိန်းချုပ်ဓာတုပစ္စည်းများကို လုပ်ငန်းသုံးအတွက် တင်သွင်းလျက်ရှိပြီး အမှန်တကယ် အသုံးချမှုရှိ၊ မရှိ သိရှိနိုင်စေရန် နိုင်ငံတစ်ဝန်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိထိန်းချုပ်ဓာတုပစ္စည်းများ စစ်ဆေးရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ၎င်းတို့ပေးပို့သော စာရင်းများနှင့် တင်သွင်းကုမ္ပဏီ၏ စာရင်းများကို ကြပ်မတ်စစ်ဆေးလျက်ရှိသည်။
အထက်ပါ ထိန်းချုပ်ဓာတုပစ္စည်းများ (Precursor Chemicals)သည် တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ရုံသာမက တရားဝင်စက်မှုလက်မှုလုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင်လည်းကောင်း၊ ဆေးဝါးများ၊ ဆိုးဆေးများ၊ သုတ်ဆေးများ၊ ချေးချွတ်ဆေးများ၊ ချောဆီများ၊ ဓာတုဖျော်ရည်များ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများထုတ်လုပ်ရာတွင်လည်းကောင်း အဓိကအသုံးပြုသည့်ဓာတုပစ္စည်းများဖြစ်ကြောင်း ပြည်သူများ လေ့လာသိရှိရှောင်ရှားနိုင်ရန်ဖြစ်သည်။
၎င်းထိန်းချုပ်ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ တရားမဝင်သယ်ဆောင်ရောင်းဝယ် အသုံးပြုမှုများတွေ့ရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ သတင်းပေးပို့နိုင်သည်။ မည်သူမဆိုမူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်ပမှတင်သွင်းခြင်းနှင့်ယင်းသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်းပြုလုပ်ရန် ဆက်သွယ်ခြင်းစသည်တို့ကိုကျူးလွန်ကြောင်း စသည်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၁၅ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်ခြင်း ခံရမည်ဖြစ်သောကြောင့် မည်သူမျှမကျူးလွန်မိစေရန် သတိပေးနှိုးဆော်လိုသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေးမူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ၊စိတ်ကြွရူးသွပ်ဆေးများ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ တစ်ခုတည်း သီးခြားဆောင်ရွက်၍မရသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူပြည်သားများနှင့် အခြားလူမှုအဖွဲ့အစည်းများကလည်း ဟန်ချက်ညီညီ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာပေါ်ရှိလူသားအားလုံး၏ ပြဿနာဖြစ်ခြင်းကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ထုတ်ပြန်ကြေညာနိုင်ခဲ့သည့်အပြင် အဆိုပါ မူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျူဟာစီမံချက်ရေးဆွဲကာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းများကိုကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC (United Nations Office on Drugs and Crime)၊ AFP (Australian Federal Police)၊ DEA (Drug Enforcement Administration)၊ NNCC (National Narcotics Control Commission) ၊ ONCB (Office of Narcotics Control Board) တို့နှင့်လည်း ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် (၃၈) နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့”အထိမ်း အမှတ်အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်တင်ပြလိုက်ရပါသည်။ ။