နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

 

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

 

နေပြည်တော် ဇူလိုင် ၄

    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့်  အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ  ဇွန်လ ၂၃  ရက်မှ  ၂၉ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇ ဒသမ ၀၄၆၆)တန်၊ သစ်မာ (သုည ဒသမ ၆၉၀၈)တန်၊ အခြား (၁၈ ဒသမ ၅၄၆၄ )တန်၊ စုစုပေါင်း (၂၆ ဒသမ ၂၈၃၈)တန်၊ ယာဉ်/ ယန္တရား (၃) စီး၊ တရားခံ (၆) ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်တောဦးစီးဌာနမှသိရသည်။