အကြမ်းဖက်သမားများက မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နှင့်ယုဇနရပ်ကွက်အတွင်းရှိ နေအိမ်များအား အသံမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်သမားများက မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နှင့်ယုဇနရပ်ကွက်အတွင်းရှိ နေအိမ်များအား အသံမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်

နေပြည်တော်  ဇူလိုင်  ၇

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH ၏ လက်ဝေခံ  PDF အမည်ခံအကြမ်းဖက်သမားများသည်  တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကိုပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင် ကျောင်းများ၊ ပြည်သူများ၏    နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်း ဖက်လုပ်ရပ်များကို   နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ     ယနေ့ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင်    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒေါ်ဒွဲဘူ၏နေအိမ်အားလည်းကောင်း၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင်    ယုဇနရပ်ကွက်အတွင်းရှိ ဦးတူးဂျာ၏ နေအိမ်အားလည်းကောင်း အကြမ်းဖက်သမားများက အသံမိုင်းများဖြင့် လာရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊    ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များရှိ ပြတင်းတံခါးမှန်များ အနည်းငယ်ပျက်စီးခဲ့ပြီး   လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။       

အထက်ပါဖြစ်စဉ်တွင်    အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့သည့် အကြမ်းဖက် သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍      ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။