စစ်သုံးပစ္စည်းများကို မိုင် ၆၀၀ အထိ ပို့ဆောင်ပေးမယ့် eVTOL

 

စစ်သုံးပစ္စည်းများကို မိုင် ၆၀၀ အထိ ပို့ဆောင်ပေးမယ့် eVTOL

 

     ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် MightyFly ကုမ္ပဏီက ကုန်တင်လေယာဉ် အမျိုးအစားတစ်မျိုးကို   အောင်မြင်စွာ စမ်းသပ်ပြလိုက်နိုင်ပါတယ်။ ဒီကုန်တင်ယာဉ် က သမားရိုးကျကုန်တင်ယာဉ် မဟုတ်ပါဘူး။

လျှပ်စစ်စွမ်းအင်အသုံးပြုပြီး  ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့  မောင်းသူမဲ့ လေယာဉ်တစ်မျိုးဖြစ်ပါတယ်။

MightyFly ကုမ္ပဏီက အမေရိကန် လေတပ်အတွက် ဖန်တီးပေးထားတဲ့ အဲဒီလေယာဉ်က မိုင်ပေါင်း ၆၀၀ အထိကိုသွားနိုင်ပြီး ကုန်ပစ္စည်း အထုပ်အပိုးတွေကိုလည်း သတ်မှတ်ထားတဲ့ နေရာအရောက် အလိုအလျောက် ထားရှိပေးနိုင်မှာပါ။ ဒီစနစ်က ဘေးကင်းစိတ်ချရမှုရှိပြီး   တစ်ခေတ်ဆန်းသစ်စေမယ့် သယ်ယူပို့ဆောင်ရေး စနစ်ကို အာမခံချက်ပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။