ရှေ့ပြေးပုံစံစမ်းသပ်မှုမှာတင် စံချိန်တွေကိုချိုးသွားတဲ့ Porsche ရဲ့လျှပ်စစ်စွမ်းအင်သုံး Cayenne

 

ရှေ့ပြေးပုံစံစမ်းသပ်မှုမှာတင် စံချိန်တွေကိုချိုးသွားတဲ့ Porsche ရဲ့လျှပ်စစ်စွမ်းအင်သုံး Cayenne

 

     Porsche ဆိုတဲ့ကုမ္ပဏီက မော်တော်ကားလောကမှာတော့   တကယ့်ကိုထိပ် ခေါင်တင်ပါပဲ။ သူထုတ်လုပ်လိုက်သမျှ ကားတွေမှာ အားနည်းချက် ဆိုလို့အနည်း ငယ်မျှသာ ရှိတယ်လို့ဆိုနိုင်ပါတယ်။ အခုလည်း လျှပ်စစ်စွမ်းအင်သုံး ကားတစ်စီးကို တရားဝင် မထုတ်လုပ်ရသေးဘဲ ရှေ့ပြေး ပုံစံအဆင့်မှာတင် စံချိန်တွေကိုချိုးသွား တာတွေ့ရပါတယ်။

အခုစမ်းသပ်လိုက်တဲ့ရှေ့ပြေးပုံစံအရ ဆိုရင် SUV အမျိုးအစား လျှပ်စစ်စွမ်းအင်သုံး Cayenne ဖြစ်ပြီး သူ့ကိုသမားရိုးကျ လမ်းမများထက်မှာ   စမ်းသပ်မှုလုပ်တာ မဟုတ်ဘဲ တောတွင်း လမ်းကြမ်းနေရာမှာ စမ်းသပ်မှု လုပ်ခဲ့တာပါ။

အဲဒီစမ်းသပ်မှုထဲမှာ ၉၁၄ မီတာအရှည် ရှိတဲ့ တောင်တက်လမ်းတစ်ခုကို ၃၁ ဒသမ၂၈ စက္ကန့်နဲ့  အရောက်မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ ဒါဟာ ယခင် SUV ကတင်ထားတဲ့ စံချိန်ထက် လေးစက္ကန့်ပိုများပါတယ်။

Porsche က အခုရှေ့ပြေးပုံစံကားမှာ Porsche Active Ride ဆိုတဲ့အောက်ပိုင်း စနစ်ကိုအသုံးပြုထားတာဖြစ်ပါတယ်။

ဒီစနစ်က ကားကိုရုတ်တရက် ဘရိတ်အုပ်တဲ့အချိန်တွေ၊ အရှိန်တင်တဲ့အချိန်တွေ၊ ကွေ့တဲ့အချိန်တွေမှာ ကားရဲ့အမြင့်ကိုတစ်ပြေးညီတည်းရှိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးတာဖြစ်ပါတယ်။