ကမ္ဘာ့အကြီးဆုံးဖြစ်လာတဲ့ တရုတ်ရဲ့ ဆိုလာပြားတပ် ငါးမွေးမြူရေးကန်
တရုတ်နိုင်ငံမှာ ဆိုလာပြားတွေကိုတပ် ဆင်ထားတဲ့ ငါးမွေးမြူရေးကန်တစ်ခုရှိပါ တယ်။ အခု အဲဒီကန်မှာရှိတဲ့ ဆိုလာပြား တွေကနေ ဓာတ်အားလိုင်းဆီကို လျှပ်စစ် ဓာတ်အားတွေ ပို့လွှတ်နိုင်နေပါပြီ။ အဲဒီကနေထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားပမာဏက မဂ္ဂါဝပ် ၂၅၀ ရှိပါတယ်။ ဒါကြောင့် အဲဒီကန်ဟာ ကမ္ဘာ့အကြီးဆုံးသော ဆိုလာ ပြားတပ်ငါးမွေးမြူရေး ကန်ဖြစ်လာပါပြီ။
ပေကျင်းမြို့အခြေစိုက် Dajin Heavy Industry က အဆိုပါစီမံကိန်းကို အကောင် အထည်ဖော်တာဖြစ်ပြီး ဒီစီမံကိန်းက ရရှိတဲ့မြေနေရာကို အကောင်းဆုံး အကျိုးရှိစွာ အသုံးချခြင်းအတွက် ပြယုဂ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
အခုဆိုလာပြားတွေတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတဲ့ ငါးကန်က အကျယ်အားဖြင့် ၃၅၃ ဟက်တာရှိပါ တယ်။ တပ်ဆင်ထားတဲ့ ဆိုလာပြားအချပ်ရေ ၃၇၀၀၀၀ က ကျောချင်းကပ်ဖြစ်တာကြောင့် အပေါ်ပိုင်း ဆိုလာပြားက နေရောင်ခြည်စွမ်းအင်ကို တိုက်ရိုက်ရယူပြီး အောက်ပိုင်းရှိဆိုလာပြားက ရေမှအလင်းပြန်လာတဲ့ နေရောင်ခြည်မှ စွမ်းအင်ရယူတာဖြစ်တယ်လို့ ဆိုပါတယ်။
