တစ်မိနစ်အတွင်း အစီးရေ ၁၀၀၀ ရောင်းလိုက်ရတဲ့ XPeng ရဲ့ G7

 

တစ်မိနစ်အတွင်း အစီးရေ ၁၀၀၀ ရောင်းလိုက်ရတဲ့ XPeng ရဲ့ G7

 

     တရုတ်နိုင်ငံမှ XPeng ကုမ္ပဏီက G7 SUV ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ လျှပ်စစ်စွမ်းအင်သုံး ကားဖြစ်တာနဲ့အညီ အဆင့်မြင့်နည်းပညာတွေကို ထည့်သွင်း ပေးထားပေမယ့် ဈေးနှုန်းကတော့ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Tesla Model Y ထက်နည်းပါးပါတယ်။ G7 ရဲ့တန်ဖိုးက ယွမ် ၁၉၅၈၀၀ သာရှိတဲ့အတွက် Tesla Model Y ထက် ၂၆ ရာခိုင်နှုန်းဈေးသက် သာပါတယ်။

အရွယ်အစားကလည်း Tesla Model Y ထက်ပိုကြီးသလို အတွင်းပိုင်းကလည်း ပိုကျယ်ပါတယ်။ ဒါကြောင့် မိသားစုစီး ကားအဖြစ်ရွေးချယ်ကြတဲ့အတွက် မိတ်ဆက်ပြီး တစ်မိနစ်အတွင်းမှာပင် အစီးရေ ၁၀၀၀ ရောင်းထွက်သွားပါတယ်။ ဒါဟာ XPeng အတွက်အောင်မြင်မှုတစ်ခုဖြစ်လာ တယ်လို့ဆိုနိုင်ပါတယ်။