ကလေးမြို့နယ်တွင်  ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

ကလေးမြို့နယ်တွင်  ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

နေပြည်တော်    ဇူလိုင်    ၁၁

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်း အရ ကလေးမြို့နယ်၊ အေးသာယာကျေးရွာအနီးတွင် မန္တလေးမှကလေးသို့  နိုင်လင်းအောင်(ခ)မွှေးနီ မောင်းနှင်ပြီး ဇော်မျိုးနိုင်(ခ)သားငယ် လိုက်ပါလာသည့် MDY-14 8I/xxxxI ZONE အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို (၎င်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံ) အားဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအားမန္တလေးတိုင်းမှကလေးသို့ သယ်ဆောင်ခိုင်းသူမှာပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းအောင် ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအားဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။