အားတစ်ခါသွင်းပြီး အဝေးဆုံးမောင်းနိုင်တဲ့ SUV အဖြစ် ဂင်းနစ်မှတ်တမ်းဝင်တဲ့ Polestar3

 

အားတစ်ခါသွင်းပြီး အဝေးဆုံးမောင်းနိုင်တဲ့ SUV အဖြစ် ဂင်းနစ်မှတ်တမ်းဝင်တဲ့ Polestar3

 

     Polestar 3 ဆိုတာ Polstar ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်သုံး SUV အမျိုးအစားကားတစ်စီးဖြစ်ပါတယ်။ အခု တော့ အဲဒီ SUV က ကမ္ဘာ့မှတ်တမ်းတင် စနစ်တစ်ခုဖြစ်တဲ့ ဂင်းနစ်မှတ်တမ်းကို ဝင်သွားပါပြီ။ ဂင်းနစ် မှတ်တမ်းဝင်ရတဲ့ အကြောင်းရင်းက Polestar 3 ဟာ တစ်ကြိမ်အားအပြည့်သွင်းရုံနဲ့ ခရီးအဝေးဆုံး သွားနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Pole-star 3 က တစ်ကြိမ်အားသွင်းရုံနဲ့ ခရီးအဝေးဆုံးသွား နိုင်တဲ့   လျှပ်စစ်စွမ်းအင်သုံး  SUV အဖြစ် ဂင်းနစ်မှတ်တမ်း ဝင်သွားတာပါ။

ရုပ်ကြွင်းလောင်စာစွမ်းအင်သုံး သမားရိုးကျအင်ဂျင် တပ်ကားတွေကနေ လျှပ်စစ်စွမ်းအင်သုံး ကားတွေကို ပြောင်းလဲအသုံးပြုလာကြတဲ့အခါ  စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အချက်တစ်ခုက လျှပ်စစ်ကားတွေဟာ သမားရိုးကျကားတွေလိုမျိုး သွားချင်တဲ့ ခရီးအကွာအဝေးကို မရောက်မှာမျိုး စိုးရိမ်ပူပန်ရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီတွေကို အားသွင်းရတဲ့ ကြာမြင့်ချိန်ကလည်း  သမားရိုးကျကားတွေမှာ ဆီထည့်တဲ့အချိန်ထက်   ပိုမိုကြာမြင့်နေခြင်းလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ဘက်ထရီနည်းပညာ တွေမြင့်မားလာတာနဲ့အမျှ လျှပ်စစ်စွမ်းအင်သုံးကား တွေမှာ တစ်ကြိမ်အားသွင်းရုံနဲ့ ရောက်ရှိနိုင်တဲ့ ခရီးအကွာအဝေးလည်း များလာပါတယ်။ အားသွင်းရတဲ့ကြာမြင့်ချိန်ကလည်း တိုတောင်းလာတာတွေ့ရပါ တယ်။ အခုဆိုရင် Polestar 3 က တစ်ကြိမ်အားသွင်း ပြီး မိုင်ပေါင်း ၅၈၁ ဒသမ ၃ မိုင်ကိုခရီးနှင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအရည်အသွေးမျိုး ရရှိနိုင်တဲ့ SUV တွေက ဘယ်မှာမှမရှိသေးပါဘူး။ ဒါကြောင့် Polestar 3 က ဂင်းနစ်စံချိန်တင်ခဲ့တာပါ။

သူ့ထက်အရင် ဂင်းနစ်စံချိန်တင်ထားတဲ့ ကားက Ford Mustang Mach-E ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ် လမှာ တစ်ကြိမ်အားသွင်းရုံနဲ့ ခရီးအကွာအဝေးမိုင် ပေါင်း ၅၆၉ ဒသမ ၆၄ ကိုမောင်းနှင်ထားနိုင်တာ ဖြစ်ပါတယ်။ အခုတော့ Polestar 3 က သူ့နေရာကို ရရှိသွားတာပါ။ Polestar 3 က ၁၀၇ ကီလိုဝပ်နာရီ ရှိတဲ့ဘက်ထရီကို တပ်ဆင်ထားတာဖြစ်ပြီး သူ့အနေ နဲ့  ဘက်ထရီအား ၂၀ ရာခိုင်နှုန်းကျန်နေသေးတယ်လို့ပြနေတဲ့အချိန်မှာ ၄၃၈ မိုင်အထိရောက်ရှိနေပြီး အားလုံးဝမရှိတော့ဘူးလို့ပြပြီးနောက် ၈ မိုင်အထိဆက်သွားနိုင်စွမ်းရှိတဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့တာပဲဖြစ်ပါတယ်။